Posts

Showing posts from October, 2019

ခရမ်းသီးအသုံးပြုပြီးသတ်သတ်လွတ်ငါးပိချက်ချက်စားကြမယ်

ပါဝင်ပစ္စည်းများ -ခရမ်းရှည်သီးအနေတော် ၁ လုံး -ကြက်သွန်ဖြူ ၅ မွှာ -ဆီ ၁ ဇွန်း(စားပွဲတင်ဇွန်း) -ငြုပ်သီးစိမ်း ၂၀ တောင့် (အစပ်ကြိုက်လျှင်ပိုထည့်ပါ) -ဆား အနည်းငယ် -ဟင်းခတ်မှုန့် အနည်းငယ် (ဟင်းသီးဟင်းရွက်ကထုတ်တဲ့ဟင်းခတ်မှုန့်သုံးထားပါတယ်) ပြုလုပ်ပုံအဆင့်ဆင့် ခရမ်းသီးကို အခွံအမည်းရောင်သမ်းသည်အထိ မီးဖုတ်ပေးပါ။ခရမ်းသီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ယူထားပါ။ ကြက်သွန်ဖြူ အခွံနွှာပြီးနုတ်နုတ်စဥ်းထားပါ။ ထောင်းလျှင်လဲရပါသည်။ ငြုပ်သီးစိမ်းများကို ပါးပါးလှီးထားပါ။ အိုးထဲတွင်ဆီပူလာလျှင် ကြက်သွန်ဖြုများထည့်ပြီးမွှေပေးပါ။ ခရမ်းသီးအနှစ်များထည့်ပြီးမွှေပေးပါ။ ခနကြာလို့ အနံ့မွှေးလာပြီဆိုရင် ငြုပ်သီးစိမ်းများ၊ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပေးပါ။ ငြုပ်သီးစိမ်းများကျက်ပြီဆိုလျှင် မိမိလိုချင်သလောက် အရည်အပြစ်အကျဲပေါ်မူတည်ပြီး ရေထည့် ၊ပွက်ပွက်ဆူပြီဆိုရင်တော့ အပေါ့အငံလေးပြုပြင်ပြီး သတ်သတ်လွတ် ရှူးရှဲငါးပိချက်လေး စားလို့ရပါပြီနော်