ခရမ်းသီးအသုံးပြုပြီးသတ်သတ်လွတ်ငါးပိချက်ချက်စားကြမယ်

ပါဝင်ပစ္စည်းများ
-ခရမ်းရှည်သီးအနေတော် ၁ လုံး
-ကြက်သွန်ဖြူ ၅ မွှာ
-ဆီ ၁ ဇွန်း(စားပွဲတင်ဇွန်း)
-ငြုပ်သီးစိမ်း ၂၀ တောင့် (အစပ်ကြိုက်လျှင်ပိုထည့်ပါ)
-ဆား အနည်းငယ်
-ဟင်းခတ်မှုန့် အနည်းငယ် (ဟင်းသီးဟင်းရွက်ကထုတ်တဲ့ဟင်းခတ်မှုန့်သုံးထားပါတယ်)

ပြုလုပ်ပုံအဆင့်ဆင့် ခရမ်းသီးကို အခွံအမည်းရောင်သမ်းသည်အထိ မီးဖုတ်ပေးပါ။ခရမ်းသီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ယူထားပါ။ ကြက်သွန်ဖြူ အခွံနွှာပြီးနုတ်နုတ်စဥ်းထားပါ။ ထောင်းလျှင်လဲရပါသည်။ ငြုပ်သီးစိမ်းများကို ပါးပါးလှီးထားပါ။ အိုးထဲတွင်ဆီပူလာလျှင် ကြက်သွန်ဖြုများထည့်ပြီးမွှေပေးပါ။ ခရမ်းသီးအနှစ်များထည့်ပြီးမွှေပေးပါ။

ခနကြာလို့ အနံ့မွှေးလာပြီဆိုရင် ငြုပ်သီးစိမ်းများ၊ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပေးပါ။ ငြုပ်သီးစိမ်းများကျက်ပြီဆိုလျှင် မိမိလိုချင်သလောက် အရည်အပြစ်အကျဲပေါ်မူတည်ပြီး ရေထည့် ၊ပွက်ပွက်ဆူပြီဆိုရင်တော့ အပေါ့အငံလေးပြုပြင်ပြီး သတ်သတ်လွတ် ရှူးရှဲငါးပိချက်လေး စားလို့ရပါပြီနော်

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်