ပဲစဉ်းငုံချဉ်ရည်ဟင်း


ပါဝင်သော ပစ္စည်းများ

ပဲစဉ်းငုံ ၁၅ ကျပ်သား
အာလူး ၁၅ ကျပ်သား
ခရမ်းသီး ၁လုံး
ပဲတောင့်ရှည် ၁ စည်း
ရုံးပတီသီး ၅ တောင့်
မန်ကျည်းသီးမှည့်/ဆီ ၂ ကျပ်ခွဲသားစီ
ကြက်သွန်နီ ၅ ဥ

ပြင်ဆင်ပုံ

၁။ ပဲစဉ်းငုံကို ရေစင်အောင်ဆေးပြီး နူးအောင်ပြုတ်ထားပါ။
၂။ အခွံနွှာ ရေစင်အောင်ဆေးထားသော အသီးအနှံများကို နနွင်း၊ ဆားနှင့်ရောနယ်ပြီး ပဲပြုတ်ထားသော အိုးထဲသို့ ထည့်ပါ။ ပဲပြုတ်အိုးကို အဖုံးပိတ်ထားပါ။
၃။ ပဲပြုတ်အိုးထဲရှိ အသီးအနှံများ နူးလာလျှင် ရေစိမ်ထားသော မန်းကျည်းမှည့်ရည်ကို အိုးထဲလောင်းပြီး ပွက်ပွက် ဆူလာသည်အထိ တည်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီချက်ထားသည့် ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ နီ၊ ပျဉ်းတော်သိမ်၊ ဇီယာတို့ ရောဆီသတ်ပါ။ မွှေးလာလျှင် ပွက် ပွက်ဆူနေသော ပဲဟင်းအိုးထဲသို့ လောင်းထည့်လိုက်လျှင် အနံ့ အရသာနှင့်ပြည့်စုံသော ပဲစဉ်းငုံချဉ်ရည်ဟင်းတစ်ခွက်ကို ရရှိ ပါသည်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်