ပဲကြီးနှပ်


ပါဝင်သော ပစ္စည်းများ

ပဲကြီး ၁၀ ကျပ်သား
ဆီ ၅ ကျပ်သား
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ ဥ
ဆူးပုပ်ရွက် ၁ စည်း
ဟင်းခတ်မှုန့် သင့်ရုံ

ပြင်ဆင်ပုံ

၁။ ပဲကြီးကို ရေစင်အောင်ဆေးပါ။
၂။ ကြက်သွန်နီ/ဖြူ ထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်နီ ဆီသတ်အိုးထဲသို့ နနွင်းမှုန့်နည်းနည်း ထည့်ပါ။ ပဲကြီးထည့်၊ ဆားနှင့်ဟင်းခတ်မှုန့် သင့်ရုံထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ ရေခမ်း၍ ဆီပြန်လာ ပါက ဆူးပုပ်ရွက်အုပ်၍ ချကာ သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်