မန်ကျည်းသီးစိမ်းချက်


ပါဝင်သော ပစ္စည်းများ

မန်ကျည်းသီးစိမ်း
ထန်းလျက်၊ ဆား
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ/နီ

ပြင်ဆင်ပုံ

၁။ မန်ကျည်းသီးစိမ်းတောင့်ကို ရေစပ်စပ်နှင့်ပြုတ်။ နူးလာလျှင် အအေးခံပြီး အေးလျှင် လက်ဖြင့်ချေ၍ အနှစ်ရည်ကို စစ်ယူထားပါ။
၂။ ကြက်သွန်ဖြူ/နီ ထောင်းထားပါ။
၃။ မန်ကျည်းသီးစိမ်းပြုတ်ရည်ထဲသို့ ထန်းလျက်၊ ဆား၊ အချို့မှုန့်တို့ထည့်ပါ။ ပြီးလျှင် ကျိုပါ။ ငရုတ်သီးစိမ်း ဓားပြားရိုက်ထည့်ပြီး ဖိုမှချ။

ပြုလုပ်နည်းအဆင့်ဆင့်

ငရုတ်သီး၊ကြက်သွန်ဖြူ/နီထောင်းကိုဆီသတ်ပြီး၎င်းဆီသတ်ထဲသို့မန်ကျည်းသီးစိမ်းပြုတ်လောင်းထည့်၊ ထန်းလျက် (ဝါ) သကြားအနည်းငယ်ထည့်။ ချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်