သက်သတ်လွတ်မုန့်ဟင်းခါး
ဒေဝါလီနေ့မှာ မိသာစုနဲ့အတူစားဖို့ချက်တဲ့ မုန့်ဟင်းခါးပါ။ အဓိကပါဝင်တာကတော့မွှေး မုန့်ဟင်းခါးအမှုန့် ထုပ် ၁ထုပ်ကို သုံးပြီးချက်ပါတယ်။
မုန့်ဟင်းခါးဖတ်က ၅၀သား ကြက်သွန်နီဥကြီး ၆လုံးကို လေးစိတ်စိတ်ထားပါတယ်၊ ကုဘားပဲပြုတ်ပြီးသား နို့ဆီဘူးဝက်ကို ကြက်သွန်နီ/ ဖြူ / ဂျင်းနဲ့ စပါးလင်ထောင်းထားတာတွေနဲ့ ဆနွင်းထည့်ပြီး ဆီသပ်ပါတယ်။ အသားထု အလုံး ၂၀လောက်ကို ရေစိမ်ပြီးအရည်တွေစင်အောင်ညှစ် သေးသေးလေးတွေညှပ်၊ ငှက်ပျောအူကိုလဲမထူမပါးလှီးပြီး ဆနွင်းရေစိမ်ထား မဲမသွားအောင်လို့၊ မွှေးအမှုန့်ကို ရေဖျော်ထား ရေနွေးအိုးထဲထည့်တဲ့အခါ အလွယ်တကူ ပျော်သွားအောင်လို့ အတော်အသင့် ကြီးတဲ့အိုးထဲမှာ ရေတဝက်လောက် ထည့်ပြီး ဆူအောင်တည်ထား၊ ရေနွေးဆူရင် ဖျော်ထားတဲ့မွှေးမုန့်နှစ်ရည်တွေ ထည့် မွှေပေး၊အောက်မှ မကပ်အောင်လို့၊ ဆီသပ်ထားတဲ့ ပဲတွေထည့်၊ ညှပ်ထားတဲ့ အသားတုတွေထည့်၊ ကြက်သွန်နီ စိတ်ထားတာတွေထည့်၊ ငှက်ပျောအူတွေထည့်၊ မုန့်နှစ်ပွလာပြီး ငှက်ပျောအူနူး ရင်စားလို့ရပါပြီ၊ အရသာအတွက် ပဲငံပြာရည် အကြည်နဲ့ ဆား equal သကြားတို့ကိုသုံးပါတယ်၊ ဆီးချို ၊ သွေးချို မရှိရင်တော့ အချိုအရသာအတွက် ထန်းလျှက်ခဲထည့်ပေးရင် ဟင်းအရောင်လဲပိုလှသလို အရသာလဲ လေးပင်ပါတယ်၊အကြော်ကတော့ အလွယ်ဝယ်လို့ရတဲ့ ပဲကြော်နဲ့ ကြက်သွန်နီ ကြော်ဘဲ ပါပါတယ်
(တီညိုစတိုင်)

Comments
Post a Comment