ကန်စွန်းဥ အာလူးကတ်တလိပ်ကြော်



 ပါဝင်သော ပစ္စည်းများ

ကန်စွန်းဥ ၂ ပိဿာ
 အာလူး  ၅၀ ကျပ်သား
 ဆား၊ မဆလာ သင့်ရုံ

ပြင်ဆင်ပုံ

၁။ ကန်စွန်းဥများကိုပေါင်းပြီး အခွံနွှာ ညက်အောင် ထောင်း ပါ၊ ဆား သင့်ရုံထည့်နယ်ပါ။
 ၂။ အာလူးကို လေးထောင့်တုံးကလေးများ တုံးပြီး ဆား၊ မဆလာနှင့်နယ်ပါ။
၃။ ကြက်သွန်နီဥကြီး ၃ ဥနှင့် ကြက်သွန်ဖြူ ၂ ဥ ကိုလည်း ခပ်ကြမ်းကြမ်းစည်းပြီး ဆီအနည်းငယ်နှင့် ကြော်ထားပါ။

 ပြုလုပ်နည်းအဆင့်ဆင့်

ကန်စွန်းဥထောင်းပြီးသားကို အိုးကလေးသဏ္ဌာန်ပြုလုပ် ၍ အာလူးဌာပနာထည့်ပြီး ပြန်ပိတ်ပါ။ ဂျုံမှုန့် အနည်းငယ်စီ အပေါ်မှဖြူး၍ ကြော်ပြီး သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်