Posts

Showing posts from September, 2019

ရှမ်းစတိုင် အာလူးနှင့် ရှမ်းပဲငါးပိကြော်

Image
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး ရှမ်းရိုးရာစတိုင်ချက်ဖြစ်တဲ့ အာလူးနှင့် ရှမ်းပဲငါးပိကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  လိုအပ်သည့်အမယ်များကတော့ အာလူး၊ ရှမ်းပဲငါးပိ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။ ပထမဦးဆုံး အာလူးကို အခွံခွာပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် အာလူးကို မိမိကြိုက်နှစ်သက်ရာပုံစံလှီးလိုက်ပါ။  အာလူးမမဲစေရန် အာလူးကို အခွံခွာပြီး ရေစိမ်ထားပေးပါ။  ပြီးရင် ‌ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး ငရုတ်သီးစိမ်းကို ကြိုက်နှစ်သက်ရာပုံစံလှီးဖြတ်ထားပါ။ ‌ ပြီးနောက် ‌ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်လိုက်ပါ။ ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်နှင့်အပူပေးပြီး ကြက်သွန်ဖြူ၊ နနွင်းမှုန့်တို့ထည့်၍ ဆီသတ်လိုက်ပါ။ ‌ ဆီသတ်နံ့ ‌မွှေးလာလျှင်အာလူးတွေကို ရေစစ်ပြီးထည့်ကာ မီးဖိုပေါ်တွင် မွှေပေးပါ။ ‌ အာလူး ‌နူးအိစေရန်အတွက် မိနစ်အနည်းငယ်ခန့် အဖုံးအုပ်ထားပေးပါ။ ‌ ပြီးလျှင် ‌ဆား၊ ဟင်းခတ်မှုန့် တို့ထည့်၍ အရသာကို မြည်းကြည့်ပါ။ အာလူးအနည်းငယ်နူးအိလာလျှင် ပဲငါးပိရည်တွေထည့်ပြီး သမသွားအောင် မွှေကြော်ပေးပါ။ ‌နောက်ဆုံးမှ ငရုတ်သီးစိမ်းများနှင့် န

မြန်မာပဲငါးပိအစပ်ချက်

Image
ပဲငါးပိအစို....................၂၀ကျပ်သား ကြက်သွန်နီ...................၁လုံး ကြက်သွန်ဖြူ.................၅တက် ငရုတ်သီးခြောက်တောင့်....၅တောင့် ငရုတ်သီးစိမ်း..................၅တောင့် နံနံပင်.. ........................အနည်းငယ် ကြက်သွန်နီ ၊ ဖြူ ၊ငရုတ်ခြောက်တောင့်တို့ကိုရောပြီးညှက်အောင်ထောင်းပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။ ငရုတ်သီးစိမ်းကိုခပ်ကြီးကြီးလှီးပါ။ ဒယ်အိုးရဲ့အောက်ခြေမှာထော င်းထား သောကြက်သွန်အရောကိုထည့်ပြီး၊နနွင်းမှုန့် ၊အရောင်တင်နှင့် ဆား၊ဟင်းခတ်မှုန့် ကိုထည့်ပါ(ဆားမထည့်ခင်ပဲငါးပိအရသာကိုမြည်းစမ်းထားဖို့လိုပါမည်) ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနှ ခရမ်းချဉ်သီးအနှစ်ကျပြီဆိုမှ ပဲငါးပိထည့်ပြီးမွှေ ပေးပါ။ ပဲငါးပိထည့်ပြီးရေခမ်း၊ဆီပြန်၊အနှစ် ကျအောင်တစ်ကြိမ်အဖုံးပိတ်ပြီးချက်ပါ။ မီးဖိုပေါ်မှချ ကာနီးလျှင် နံနံပင်လေး အုပ်ပေးပါ။ တို့စရာတွေအဖြစ် ဇီးဖြူ သီး၊သခွားသီး၊တာအိုးရွက်(ဖက်ချီပိုး)၊နံနံပင်၊ သခွပ်ပွင့်ပြုတ်၊ ဂေါ်ဖီးအစိမ်း၊ဆူးပန်းရွက်လေးတွေနဲ့တွဲဖက်ထားပါတယ်။ င့်ငရုတ်သီးစိမ်းထည့် ပြီးဆီအနည်းငယ်ထည့်ကာ အဖုံးအုပ်ကာရေခမ်း ဆီပြန်သည်အထိချက်ပါ။

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

Image
I. တို့ဟူးနွေး ကျို ရန် - ပါဝင်ပစ္စည်းများ မွှေးပဲမှုန့် - အစိမ်း - ၂၅ကျပ်သား မွှေးကော်မှုန့် - ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး) ရေ - ၃ လီတာ ဆား - အနည်းငယ် နနွင်းမှုန့် - အနည်းငယ် ပြုလုပ်နည်း - ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။ မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ - ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရျ် မီးအနေတော် ထားရျ် ကျိုပါ။ နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။ ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။ ပဲရည်ပူရျ် မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။ ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။ ပိုပြျစ်လာစေရန် ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။ လောင်းထည့်ချိန်တွင် မခဲသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။ အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။ II. ဆီ မွှေး ပြု လုပ်ရန် ပါဝင်ပစ္စည်းများ ငရုတ်ကောင်း