ရှမ်းစတိုင် အာလူးနှင့် ရှမ်းပဲငါးပိကြော်


ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး ရှမ်းရိုးရာစတိုင်ချက်ဖြစ်တဲ့
အာလူးနှင့် ရှမ်းပဲငါးပိကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 လိုအပ်သည့်အမယ်များကတော့ အာလူး၊ ရှမ်းပဲငါးပိ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး အာလူးကို အခွံခွာပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် အာလူးကို မိမိကြိုက်နှစ်သက်ရာပုံစံလှီးလိုက်ပါ။

 အာလူးမမဲစေရန် အာလူးကို အခွံခွာပြီး ရေစိမ်ထားပေးပါ။

 ပြီးရင် ‌ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး ငရုတ်သီးစိမ်းကို ကြိုက်နှစ်သက်ရာပုံစံလှီးဖြတ်ထားပါ။

ပြီးနောက် ‌ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်လိုက်ပါ။ ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်နှင့်အပူပေးပြီး ကြက်သွန်ဖြူ၊ နနွင်းမှုန့်တို့ထည့်၍ ဆီသတ်လိုက်ပါ။

ဆီသတ်နံ့ ‌မွှေးလာလျှင်အာလူးတွေကို ရေစစ်ပြီးထည့်ကာ မီးဖိုပေါ်တွင် မွှေပေးပါ။

အာလူး ‌နူးအိစေရန်အတွက် မိနစ်အနည်းငယ်ခန့် အဖုံးအုပ်ထားပေးပါ။

ပြီးလျှင် ‌ဆား၊ ဟင်းခတ်မှုန့် တို့ထည့်၍ အရသာကို မြည်းကြည့်ပါ။

အာလူးအနည်းငယ်နူးအိလာလျှင် ပဲငါးပိရည်တွေထည့်ပြီး သမသွားအောင် မွှေကြော်ပေးပါ။

‌နောက်ဆုံးမှ ငရုတ်သီးစိမ်းများနှင့် နံနံပင်ကို အပေါ်ယံမှထည့်ပြီး အုပ်လိုက်ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချနိုင်ပါပြီ။ ရှမ်းစတိုင် အာလူးပဲငါးပိကြော်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ စားသောက်နိုင်ပါတယ်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်