ကုလားပဲနှပ် ဆီပြန်......


ကုလားပဲချမ်းများကို ရေသေချာဆေးပြီး ပြုတ်ပါတယ်..
ဆားသင့်တင့်ရုံထည့်ပါတယ်......
ရေကိုလဲ ပဲအိရုံဘဲ ထည့်ပါတယ်.....
မမွှေဘဲနဲ့ အိုးကို လှုပ်လှုပ်ပေးပါတယ်.....
ရေလဲကုန် ပဲလဲအိပြီ ဆိုရင် ပဲအိုးချထားပြီး ဆီအိုးတည်ပါတယ်......
ပဲနဲ့ဆီ အနေတော်မှန်းပြီး ဆီချက်ပါတယ်....
ဆီထဲကို အသင့်ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ထည့်ကြော်ပါတယ်...
အရောင်လေးလှအောင်လို့ ဆနွင်းမှုံ့လေး နဲနဲထည့်ပါတယ်။
ကြက်သွန်ကြော် လေးတွေ ဝါရောင်ပြေးလာရင် ဆယ်ထားပြီး ပဲတွေထည့်ပါတယ်...
ယောင်းမလေးနဲ့ ဆီနဲ့ပဲ သမအောင်မွှေပြီးရင် အပေါ်က ကြက်သွန်နီကြော်လေးတွေ ဖြူးလိုက်ပါ......
ကြက်သွန်နီကြော်နံ့သင်းသင်းလေးနဲ့ ကုလားပဲနှပ် အိအိလေး စားလို့ရပါပြီး...........
ကြိုက်တတ်ရင် အချိုမှုံ့ တို့ မဆလာတို့ ထည့်လို့ရပါတယ်......

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပြောင်းဖူးကြော်