နှမ်းကောက်ညှင်းလုံး

မနက်ခင်းစာ ကော်ဖီနဲ့တွဲစားဖို့ လုပ်တဲ့အခါမှာ အမြန်လုပ်ပြီးစားနိုင်တဲ့ မုန့်လေးပါ.. ကောက်ညှင်းမှုန့် ထမင်းခူးတဲ့ ဇွန်းကြီးနဲ့ ၃ဇွန်းမောက်မောက်၊ ဆန်မှုန့် ထမင်းခူးတဲ့ ဇွန်းကြီးနဲ့ ၂ဇွန်းမောက်မောက်၊ နှမ်းအဖြူ ထမင်းခူးတဲ့ ဇွန်းကြီးနဲ့ ၁ဇွန်း၊ နှမ်းနက် ထမင်းခူးတဲ့ ဇွန်းကြီးနဲ့ ၁ဇွန်းကို ဆား ထဖက်စား ဇွန်းနဲ့ ၁ဇွန်း၊ သကြား ထမင်းခူးတဲ့ ဇွန်းကြီးနဲ့ ၂ဇွန်းအားလုံးရောထည့်ပြီး

ရေအနည်းငယ်ထည့်၊ မုန့်လုံးလိုရအောင်နည်းနည်းချင်းထည့်နယ်ပြီး အလုံးလေးတွေလုံးပါတယ်၊ ပေါင်းအိုးထဲကို ထည့်တဲ့ အခါ လက်ကိုဆီဆွတ်ပြီး ကိုင်ထည့်ပါတယ်.. ကောက်ညှင်းအလုံးလေး တွေကိုဆီလူးပေးတာက မကပ်အောင်ပါ... မွှေးလဲမွှေးပါတယ်... ၁၅မိနစ်လောက်ရေနွေးငွေ့နဲ့ ပေါင်းပေး လိုက်ရင်ကျက်ပါတယ်... ကောက်ညှင်းလုံးလေးတွေကို..အုန်းသီးခြစ်ထားတာတို့..အုန်းနို့ဆီချက်တို့နဲ့ တွဲစားရင်လဲကောင်းမှာပါ... တီညိုကတော့ အဆင်သင့်ရှိနေတဲ့ မြေပဲဆန်မှုန့်လေးတွေဘဲ အပေါ်က ပုံပေးလိုက်ပါတယ်....



(တီညိုစတိုင်)

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်