သက်သတ်လွတ်ပဲဟင်း

ပဲတွေကို....ညထဲက Pressure cooker နဲ့ ပြုတ်ထားလိုက်တာပါ.. ပဲပြုတ်ဖို့ လက်ကျန်ပဲကို ကြည့်လိုက်တော့.. ကုလားပဲက နို့ဆီဘူးဝက်စာ... ပဲနီလေးလဲ ဘူးဝက်စာဘဲမို့ ၂မျိုးပေါင်းပြီး ရေသေချာဆေး..ဆနွင်းနဲ့ ဆားအနည်းငယ်ထည့်ပြုတ်လိုက်ပါတယ်...

နောက်နေ့မနက်မှာ ကြိတ်ထားပြီးသား ငရုတ်ပွ၊ ကြက်သွန်နီ/ဖြူ၊ ဂျင်းတို့ထဲကို ကြက်သွန်ဖြူထပ်ထည့်ပြီး ဆီသပ်ပါတယ်... ဆီသပ်တဲ့ အထဲမှာ..မူန်ညှင်းစေ့လေးတွေနဲ့ ပျဉ်းတော်သိမ်ရွက် ချွေထားပြီးသား၅ရွက်လောက်ထည့်ပါတယ်

ဆားအနေတော်လောက်ထပ်ထည့်ပါတယ်... အချဉ် မထည့်တော့ဘဲ.. အဆိမ့်ဘဲချက်လိုက်ပါတယ်... ကျမအမေက မဆလာသိပ်မကြိုက်တော့ မဆလာ မထည့်တော့ပါဘူး.. မုန်ညှင်းစေ့နဲ့ ပျဉ်တော်သိမ်ကမွှေးနေပါပြီ...

ဟင်းရည်အပြစ်အကြဲစိတ်တိုင်းကျရင်တော့ မီးပိတ်လိုက်ရုံပါဘဲ.. ကျမကတော့ ခပ်ပျစ်ပျစ်လေးချက်ထားပါတယ်

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

ပြောင်းဖူးကြော်

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´