သတ်သတ်လွတ်ဘူးညွန့်ကြော်

အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။ အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ် တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံ တွေမှာကပ်နေလေ့ရှိပါတယ်။

လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစ ဖြစ်တာမို့လို့ပါ။အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေး အဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့် ဘူးဆိုတာထင်ရှားပါတယ်။


အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။ စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။ ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။

အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ် သွားပါတယ်။ အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။ အစာလမ်းကြောင်း တစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။ အစာလမ်း ကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့အာဟာရကနေရတဲ့ ရသရည်ကလည်းသန့်ရှင်းပြီး သွေးက လည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေ တဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။ ဒီနေ့တော့ သတ်သတ်လွတ်ဘူးညွန့်ကြော် လေးပါ အာလုံးဘဲ သတ်သတ်လွတ်ဟင်းလျာများအရသာရှိစွာစားနိူင်ပါစေ🙏🏻

[Burmese Food]Stir-Fried Burmese Winter Squash ဘူးညွန့်ကြော်\Vegan

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်