ပြောင်းဖူးထမင်းသုပ်

ဒီနေ.ညနေစာက တစ်ယောက်ထဲဆိုတော. ပာင်းမချက်ပဲ ပြောင်းဖူးကော်ပြန်.လုပ်တုန်းက
ကျန်နေတဲ. ပြောင်ဖူးတစ်ဖူးကို ပြုတ်ပြီး ထမင်းနဲ.ရောသုပ်စားလိုက်တယ်.. ပြောင်းဖူးပြုတ်ကြီးပဲသုပ်သုပ်၊ လက်ဖက်နဲတွြဲပီးသုပ်သုပ် ကျွန်မအတွက်တော.စားလို.ကောင်းတာပဲရှင်..

ပြောင်းဖူးထမင်းသုပ်အတွက်

- ထမင်း - တရုတ်ပုဂံလုံး (1) လုံး ကိုဖွထားပါ။ - ပြောင်းဖူး နုနု -1 လုံးကို ပြုတ်ပြီး ချွေ (သို.) ပါးပါးလှီးထားပါ၊ -ကြက်သွန်နီ- တစ်လုံး ကိုအခွံခွာကာ ပါးပါးလှီးပြီးနရေဆေးကာ ရေစစ်ထားပါ။
- ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ -ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက် - ထမင်းစာဇွန်း 1 ဇွန်း၊ -ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတဝက် - ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ… -နံနံပင် - 2 ပင်ကို ရေဆေးပြီး
-သံပုရာသီးတစ်စိတ် (သို.) မန်ကျီးမှည်.ရည် - ထမင်းသားဇွန်း - 2 ဇွန်း

ထမင်းနှင့်ပြောင်းဖူးကိုရောကာ ပါးပါးလှီးထားသောကြက်သွန်နီ၊ခရမ်းချဉ်သီး၊နံနံပင်၊ ငရုပ်သီးစိမ်း နှင့်ဆား၊ အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း  ၊ငရုပ်သီးအလှော် မှုန်.၊ကုလားပဲအလှော်မုှန်. နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ မြည်းပြီး အရသာရှိသောပြောင်းဖူးထမင်းသုပ်ကို ရေနေးွကြမ်းသောက် ကာ သုံးဆောင်နိုင်ပါပြီရှင်၊

သက်သတ်လွတ်စားသုံးသူများလဲ ပုဇွန်ခြောက်ထောင်းနှင့် ငံပြာရည် မထည်.ပဲသုပ်စားနိုင် ပါတယ်ရှင်…

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်