သက်သတ်လွတ်အာလူးကတ်တလိတ်

အာလူးတွေကိုနူးအောင်ပြုတ်ပါတယ်... လက်နဲ့စိတ်ရှည်ရှည်ထားပြီးချေပါတယ်... ထောင်းလိုက်ရင် တအားစေးသွားတာကြောင့်ပါ... ချေထားတဲ့အာလူးကို ဆားအနည်းငယ်နဲ့နယ်ပါတယ်... အရွယ်တူအလုံးလေးတွေလုံးထားပါတယ်...

အဆာသွပ်ဖို့အတွက် ကြက်သွန်နီနဲ့ ဂေါ်ဖီကို နုပ်နုပ်စင်းပြီးဆား  ငရုပ်ကောင်းမှုန့် အနည်းငယ်နဲ့ ရောနယ်ထားပါတယ်..... ပဲမှုန့်အစိမ်းကို မပျစ်မကျဲဖျော်ထားပါတယ်..... ပါတယ်ဆိုယုံဆီလေးနဲ့ အဆာသွန်မဲ့ ကြက်သွန်နီနဲ့ ဂေါ်ဖီကိုနွမ်းသွားအောင်လှော်ပါတယ်....

အာလူးလုံးထားတဲ့အရေအတွက်အတိုင်း အဆာတွေကို ပုံပါတယ်... ဒါမှ အဆာတွေမပိုမလိုဖြစ်မှာပါ.. ဥပမာ..အလားအလုံး၅လုံး..အဆာက ၅ပုံ...အာလူးလုံးလေးကိုအလယ်နေရာချိုင့်သွားအောင် လုပ်ပေးပြီး...

အဆာတွေကို ဇွန်းနဲ့ အပုံလိုက်ခပ်ယူပါတယ်.... (အာလူးကို အဆာထည့်ပြီးပိတ်တဲ့အခါ လက်မပေအောင်ပါ) အာလူးအချိုင့်လေးထဲထည့်ပြီး အလုံးခပ်ပြားပြားလေးဖြစ်အောင်လုံးပေးပါတယ်...

အာလူးအားလုံးအဆာသွပ်လုံးပြီးပြီဆိုရင်တော့ .... ခုနကဖျော်ထားတဲ့ ပဲအနှစ်ရည်ထဲမှာ နှစ်ပြီး ဆီများများထဲမှာ ကြော်လိုက်ရင် ရပါပြီ... အားကောင်းကြပါစေရှင်..

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်