ဂေါ်ဖီကြော်

ဂေါ်ဖီထုပ်ကိုပါးပါးလှီးပါတယ်...  အကြော်မှုန့်နဲ့ ပဲမှုန့် အစိမ်းကို အနည်းငယ်စီရောပြီး ရေနဲ့ ခပ်ပြြစ်ပစ်ဖျော်ပါတယ်... ဖျော်ထားတဲ့ မှုန့်နှစ်ထဲကို လှီးထားတဲ့ဂေါ်ဖီနဲ့ ဆားသင့်ယုံနဲ့ မဆလာထည့် နယ်ပါတယ်..နယ်ထားတဲ့ ဂေါ်ဖီတွေကို ဇွန်းနဲ့ တဇွန်းစီခပ်ပြီးဆီပူပူမှာကြော်ထားတာပါ..

ပဲသီးကြော် ပဲတောင့်ရှည်သီးတွေကို ပါးပါးလှီးပါတယ်... အကြော်မှုန့်နဲ့ ပဲမှုန့် အစိမ်းကို အနည်းငယ်စီရောပြီး ရေနဲ့ ခပ်ပြြစ်ပစ်ဖျော်ပါတယ်... ဖျော်ထားတဲ့ မှုန့်နှစ်ထဲကို လှီးထားတဲ့ပဲသီးတွေနဲ့ ဆား၊ဂျင်း၊ကြက်သွန်ဖြူသင့်ယုံထာင်းထားတာ ထည့် နယ်ပါတယ်.. နယ်ထားတဲ့ပဲသီးတွေကို ဇွန်းနဲ့ တဇွန်းစီခပ်ပြီးဆီပူပူမှာကြော်ထားတာပါ.. ဇွန်းနဲ့ခပ်ကြော်တော့ လက်ပေသက်သာပါတယ်... :)
ပူနေတုန်းလေးသုံးဆောင်ကြပါနော်....

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်