ကန်စွန်းပဲငပိချဉ်စပ်

ဆီအနည်းငယ်မှာ ကြက်သွန်ဖြူ ၅မွှာ ဓားပြားရိုက်ငရုတ်သီး
စိမ်း၃တောင့်(အစပ်စားရင်ပိုထည့်ပါ။)ထည့်ပါ။နနွင်း ငရုတ်
ပုထောင်းအနည်းငယ်ထည့်ဆီသတ်ပါ။


ခရမ်းချဉ်သီး၁လုံးပါးပါးလှီးထည့်ပါ။ပဲပြားထည့်ပါ။အပေါ်ယံတင်းလျှင် ပဲငပိထည့်၍
ခဏထားပါ။ပြီးမှ ကန်စွန်ရွက်ထည့်ပါ၊ဆား သကြား ထည့်၍
အရသာပြင်ပါ၊ကန်စွန်းနူးလို့ရလျှင် ငရုတ်သီးစိမ်း ၁တောင့်
ကြက်သွန်ဖြူ ၂မွှာထည့်မွှေပါ။ချကာနီးလျှင် သံပုရာသီး ၂စိတ်
ညှစ်ချကာမွှေပြီးရပါပြီရှင်။ကြိုက်လျှင်နှမ်းဆီမွှေး၂စက် ခန့်
ထည့်ပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်