မုန်လာချဉ်ကြော်

ဒီတခါစုစုလွင် ရဲ့နည်းလေးနဲ့ အချဉ်ထည်လိုက်ပါတယ်။ အခါတိုင်း ကိုယ်က ဆံမှုန့်ကို မကျိုဘဲ
အအေးခံထားတဲ့ ရေကျက်အေးနဲ့ ဖျော်ပြီးသိပ်ပါတယ်။ ဒီတခါ ဆန်မှုန့်ကို စုစုကကြိုထဲ့တော့ ကြိုလိုက်တော့ ထမင်းရည်လေးနဲ့ထူသွားပြီး အမြန်ချဉ်လွယ်ပါတယ်။


နေပူထဲလဲထားစရာမလိုပါဘူး။.......သိပ်ထားတဲ့ မုန်လာဥဖြူ...နီ...ဂေါ်ဖီပွင့်တို့ကို  ရေနဲနဲပြန်ဆေးပြီး....ခရမ်းချဉ်သီး နှင့် ကြက်သွန်နီဆီသတ်ထားတဲ့ ထဲကို ထည့်ကြော်ပါတယ်။ အချိုမှုန့်....အရောင်တင်ထဲ့ပါတယ်။

ဆီပြန်အောင်ကြော်ပြီး ချခါနီးမှာ ငြုပ်သီးစိမ်းထဲ့ပါတယ်။နောက်မွှေးအောင် နံနံပင်လေး အုပ်
လိုက်ပါတယ်...ကျွတ်ကျွတ်လေး စားကောင်းပါတယ်..အရမ်းကြိုက်ပါတယ်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်