ပင်စိမ်းသီးထောင်း

ပင်စိမ်းသီးသည်ချဉ်ဖန်ဖန် အရသာရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် ပင်စိမ်းသီးခေါ်ကာ
မြောက်ပိုင်းတွင် မက်ခေါက်သီးပာုခေါ်ကြသည်။ ပင်စိမ်းသီးကို အဖန်ဓါတ်လျော.စေရန် ဆားရည်စိမ် ( သို.) ပြုတ်ပြီး အလုံးလိုက်ထုပြီးသော်လည်းကောင်း၊ အစိပ်လေးတွေစိပ်ကာလည်းကောင်း
ဂျင်း၊ငရုပ်သီးအကြမ်းမှုန်.။ဆား၊ မြေပဲအလှော်မှုန်.၊ပဲပုတ်မှုန်တို.နှင့် ရောကာနယ်ပြီးသရေစာ အဖြစ်လဲစားသုံးကြသည်။ပင်စိမ်းသီးယိုအဖြစ်လဲထိုးစားကြ သည်။အချို.ကအစိမ်းထောင်းစားကြသည်။

ပင်စိမ်းသီးထောင်းစားချင်တာနဲ. ကလောပြန်တုန်းကပါလာတဲ. ပင်စိမ်းသီးစိပ်လေးတွေနဲ. ရောထောင်းစားဖို. ပိန်းရိုး( သို.) ကမ္မဌာန်းရိုး(နာမည်မေ.နေလို. Kalaw Family  မှာသွားမေးရ သေးတယ်)..ဒီမှာဝယ်လို. ရမလားလိုက် ရှာကြည်.တော. ထိုင်းဈေးမှာတွေ.တဲ.ပိန်းရိုးက ပာင်းခါးချက်တဲ.ပိန်းရိုးဖြစ်နေ တော.အစိမ်းထည်.ရင် ပါးစပ်ထဲယားနေမှာစိုးတာနဲ. မုန်ညှင်းဖြူ
ထုပ်က အရိုးဖြူဖြူတွေထည်.ထောင်းလိုက်ပါတယ်…


ပင်စိမ်းသီးထောင်းအတွက် ပင်စိမ်းသီး (၅လုံး) - ဆားရည်စိမ် (သို.) ပြုတ်ပြီးသား မြေပဲလှော် (၅၀) g ပဲပုတ်မီးကင် ( ၂ ) ချပ် ငရုပ်သီးစိမ်းလှော် ( ၁၀)တောင့် ကြက်သွန်ဖြူ (၃) မွာ ပိန်းရိုး (သို.) ကမ္မဌာန်းရိုး (လျှာမယားတတ်သော) ကို ၂” ခန်.ကို အပေါ်ခွံခွာကာ ပါးပါးလှီးထားပါ) ဆား - အနဲငယ်
တွဲစားရန် မုန်.လေပွေ နှင့် ဂေါဖီထုပ် ပင်စိမ်းသီးကို အခွံခွာပြီး အစိပ်သေးလေးတွေစိတ်ပြီးအလယ် အူတိုင်ထုတ်ပစ်ပါ…

ထိုနောက် မြေပဲလှော်၊ ပဲပုတ်မီးကင်၊ ငရုပ်သီးစိမ်းလှော်၊ ကြက်သွန်ဖြူ၊ဆားတို.ကိုရောထောင်းပြီး ညှက်လျှင် ပင်စိမ်းသီးစိပ်ကို ထည်.ထောင်းပါ .. ပင်စိမ်းသီးပါညှက်ပြီဆိုလျှင် ကမ္မဌာန်း ရိုး ကို ထည်.ထောင်းပါ…ဇွန်းနှင့် သမအောင်မွေကာ ထပ်ထောင်းပြီး ပုဂံတစ်ခုတွင်ထည်.ကာ မုန်.လေပွေ နှင့် ဂေါဖီထုပ်ဖြင့်တွဲစားနိုင်ပါပြီရှင်… အခါးရေ (သို.) လက်ဖက်ရေကြမ်းလေးနဲ.ပေါ.ရှင်…

ကမ္မဌာန်းရိုးထည်.တာများလျှင်လဲ စားမကောင်းပါ.. ပင်စိမ်းသီးကိုဆောင်းနေ.ခင်းကျောင်းပိတ် ရက်များတွင် သူငယ်ချင်းများစုပေါင်းကာ ပင်စိမ်းသီးထောင်းကာ သရေစာအဖြစ်စားကြသည်ကို သတိရမိပါသည်။

ပင်စိမ်းသီးမသိသူများလဲ ပင်စိမ်းသီးပိုးထိုးတောင်ကြီးသူမရအောင်ပိုးဆိုတဲ. ဘိုဖြူသီချင်း တော. ကြားဖူးကြမှာပါ။

Credit; Myanmar Food & Other

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်