သီးရွက်စုံသနပ်

နွေရာသီ နဲ့အလွန်လိုက်ဖက်တဲ့ ၊ သီးရွက်စုံ သနပ်လုပ်နည်းကို တင်ဆက်ပေးချင်ပါတယ်ရှင်။
အလွန်လျှင်မြန်ပြီးလွယ်ကူပါတယ်။ စားလို့လဲ ကောင်းသလို အကုန်အကျလဲသက်သာပါတယ်။ ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်ရှင်။


ပါဝင်ပစ္စည်းတွေကတော့
🌻 ဆီ ၅ ကျပ်သား
✅ ဂေါ်ဖီထုတ် ၁၀ သား
✅ ပန်းဂေါ်ဖီ ၁၀ သား
✅ ပဲတောင့်ရှည် ၁ စီး
✅ ပဲဇောင်းလျားသီး ၅ တောင့်
✅ ကြက်သွန်နီ ၂ လုံး
✅ ရှာလကာရည် လက်ဖက်ရည်ကြမ်းပုဂံ ၁ လုံး
✅ နှမ်းအနက်လှော် အနည်းငယ်
✅ ဆားအနည်းငယ်
✅ ဟင်းခတ်မှုန့်အနည်းငယ်
✅ ဆနွင်းအနည်းငယ် တို့ဖြစ်ပါတယ်ရှင်။

ဟင်းသီးဟင်းရွက်များကိုအနေတော် လှီးဖြတ်ပြီးရေဆေးထားရပါမယ်။ ပဲသီးတောင့်ကိုတော့ ၆ လက်မလောက်စီနဲ့ ပဲဇောင်းလျား သီးကိုတော့ ဘေးက အမှေးတွေ နွှင်ပြီးအတောင့်လိုက် ပြင်ထားရပါမယ်။ ရေနွေးအိုး တအိုးတည်ပြီးအဲဒီထဲမှာ ရှာလကာရည် ကို ထမင်းစားဇွန်း ၁ဇွန်းစာ ချန်ပြီး အကုန်ထည့်လိုက်ရပါမယ် ။ ဆားအနည်းငယ် နဲ့ဆနွင်းမှုန့်အနည်းငယ်ထည့်ရပါမယ်။

ပြီး၇င်တော့ ရေအေးတစ်ဇလုံကိုလဲ ဘေးမှာ ပြင်ထားရပါမယ်၊ ဒါမှ မဟုတ်ရင် လဲ ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံတာဖြစ်ဖြစ်၊ ရေခဲတုံးတွေ ထည့်ထားပြီး အဲဒီအပေါ်မှာ ပြုတ်ပြီးသားကို ဆယ်တာဖြစ်ဖြစ် လဲ ရပါတယ်။

အသီးအရွက်တွေကို တမျိုးချင်းစီထည့်ပြီး မနူးတနူးခပ်မာမာလေးမှာပဲ ဘေးက ရေအေးထဲကို ထည့်တာဖြစ်ဖြစ်၊ ရေခဲတုံးပေါ်ဆယ်ပြီး တင်တာဖြစ်ဖြစ်လုပ်ရပါမယ်။ ရှာလကာထဲထည့် ပြုတ် ထားတော့ ချဉ်ပြီး ဆားအရသာလေးလေးရှိပေမဲ့ ရေအေးထဲ ထည့်စိမ်လိုက်ရတာကတော့  ကျွပ်ကျွပ်လေးဖြစ်နေ အောင် ပဲ ဖြစ်ပါတယ်ရှင်။ ရေအေးစိမ်ပြီး တာနဲ့ခန နေရင် ရေ စစ်ထားရပါတော့မယ်။ ကြက်သွန်နီကို ဆီ ၅ ကျပ်သားနဲ့ ဆီကျက် ချက်ရပါမယ်။ ပြီးရင်တော့ ပဲသီးတောင့်နဲ့ ပဲဇောင်းလျား သီးတွေကို ခပ်ပါးပါးလေးလှီး ကာ သနပ်စုံသုတ်ဖို့ အသင့်ပြင်ရပါတော့မယ် ရှင်။

အသီးအရွက်တွေကို အနည်းငယ် မြည်းကြည့်ရပါမယ်။ ရေစိမ်တာကြောင့်အရသာ ပေါ့သွားမယ်ဆို ရင်တော့ ချန်ထားတဲ့ ရှာလကာထည့်ရပါမယ်။ ဆား၊ ဟင်းခတ်မှုန့်၊ နှမ်း နဲ့ဆီချက် တို့ကိုထည့်နယ်ရပါမယ်။

ဟင်းပွဲ ပြင်ဖို့အတွက် နယ်ထားတဲ့ သနပ်စုံကို ကြက်သွန်နီဆီချက်ရယ် နှမ်းနက်ရယ် ကို ဖြူးပြီး အလှဆင်လိုက်ပါ…. အဲဒါဆိုရင်တော့ နွေရာသီပူပူမှာ ထမင်းမြိန်စေမဲ့ သီးရွက်စုံသနပ် ဟင်းတစ်ခွက်ရပါပြီရှင်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်