သက်သတ်လွတ် ပဲဟင်းနောက်တမျို း

ပြုတ်ထားတဲ့ ကုလားပဲက တော်တော်များတော့ မကုန်ကုန်အောင် အကြံအဖန်လုပ်ချက်တာပါ...
မုန်လာဥနီဥကြီး တလုံး အခွံခြစ်ပြီး မထူမပါးလှီးပါတယ်.. ကြက်သွန်ဖြူနီဂျင်း..ငရုတ်သီး ကြိတ်ထား တာတွေ ဆီသပ်ပါတယ်... မဆလာလဲ အနည်းငယ်ထဲ့ပါတယ်.. လှီးထားတဲ့


မုန်လာဥနီထည့်.ဆားအနည်းငယ်ထည့်.ရေထည့်အဖုံးလးဖုံးထား... မကျီးမှည့်လေးဖျော် ထား....မုန်လာဥနီနူးတော့ မကျီးရေထည့် ... နောက်စွေစွေလေးလှီးထားတဲ့ ရုံးပတီသီးလေးထည့်... ရေနွေးလေး နည်းနည်းထပ်ထည့်တယ်... ပဲပြုတ်ထားတာတွေထည့်...ပွက်လာရင်ရပါပြီ... ဆီသိပ်မ များဘဲ.. ဟင်းအနှစ်လေးနဲ့ နယ်စားလို့ကောင်းတဲ့ ချို ချဉ် ဆိမ့် သက်သတ်လွတ်ဟင်းတခွက်ပါ....

(တီညိုစတိုင်)

Comments

Popular posts from this blog

တို့ဟူးသုပ်

ပဲခြမ်းကြော်သုပ်

ပဲ ကြော် (သို့) ပဲကပ် ကြော်