ကော်ပြန့်ကြော်.......

ready made ကော်ပြန့်ရွက် အကြီး....အသေးကို သုံးထားပါတယ်။ ကော်မှုန့်လေးနည်းနည်းကို
ရေလေးနဲ့ အနည်းငယ်ဖျော်ထားပါ.... ကော်ပြန့်ကြော်တဲ့ အခါမှာတော့ ဆလပ်ရွက် မခင်းတော့ပါဘူး.....ကြော်တဲ့နေရာမှာ မညီတာရယ်..အရောင်မလှတာရယ်ကြောင့်ပါ။


ကော်ပြန့် ရွက်ထဲကို အဆင်သင့်လှီးပြီးရေစစ်ထားတဲ့ ဥနီ နဲ့ ဂေါ်ဖီရွက်တို့ထဲ  အချိုမှုန့်.... ဆားထဲ့နယ်ပြီးလိပ်ပါ့မယ်........အခုန ဖျော်ထားတဲ့ ကော်ရည်လေးနဲ့တို့ပြီး လိပ်တဲ့ အနားအဆုံး မှာပိတ်ပါတယ်။ကြော်တဲ့ အခါ မှာမပိတ်ထားရင် အဆာတွေ ပေါက်ထွက်တတ်လို့ပါ.... ကြော်တဲ့ အခါ ဆီထဲကို မီးအေားအေးနဲ့ ကြော်ရပါမယ်...မီးအေးအေးနဲ့ ကြော်မှ အထဲက အဆာတွေက  ကျက်ပြီး... အပြင်ကအရွက်လေးကလဲလှပါတယ်.....မီးနဲနဲပြင်းလိုက်တာနဲ့ ပထမပုံအတိုင်းတွေ့ရပါတယ်..... မီးအေးအေးနဲ့ကြော်တော့ ဒုတိယပုံလို အရောင်လှလှလေးဖြစ်ပါတယ်.......sauce လေးနဲ့စားဖို့အဆင် သင့်ပါ....အလိပ်ကြီးတွေအတွက် ကော်ပြန့်အရွက်ကြီးကို သုံးပါတယ်......အလိပ်သေးတွေအတွက် အရွက်သေးကို သုံးပါတယ်...

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်