ပန်းသေးခေါက်ဆွဲသုပ်

ဒီနေ့ပန်းသေးခေါက်ဆွဲသုပ်လေး လုပ်စားလို့ လာပို့ပါတယ်ရှင် စွန်ညီနောင်တံဆိပ် ဂျူံခေါက်ဆွဲခြောက်တစ်ထုပ်ကိုပြုတ်ပြီး၊ရေစစ်၊ဆီအနည်းငယ်နဲ့ကပ်မသွားအောင်နယ်ထားတယ်
ကြက်သွန်နီလေးလုံးပါးပါးလှီး၊ရေ့ဆေးစစ်ထားတယ်
နံနံပင်လဲလိုအပ်ပါတယ်(ကြီးကြီးဈေးသွားဝယ်တုံးမို့ မပါလိုက်ဖူး)
သံပုရာသီးစိတ်လေးတွေစိတ်ထားတယ်
အာလူးလေးလုံးအတုံးသေးသေးတုံးပြီး
ဆားရည်စိမ်ထားတယ်
ဆီပူလာရင်
ထောင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ချင်း၊ဇီယာကို
ဆနွင်းအနည်းငယ်နဲ့ဆီသတ်
ငရုတ်အနှစ်ထည့်



အာလူးထည့်
ရေမြုပ်အောင်ထည့်
အာလူးနူးမှမဆလာခတ်ပြီး
အရည်မနည်းမများမှာအိုးချပါတယ်
အာလူးဟင်းရည်နဲ့
ခေါက်ဆွဲ၊ကြက်သွန်နီ၊ငရုတ်သီးလှော်မှုန့်၊နံနံပင်နဲ့
သံပုရာသီးညှစ်ပြီး
သုပ်စားရတာပါ
ဆား၊်ပဲငံပြာရည်အကြည်လိုအပ်သလိုဖြည့်စွက်နိုင်ပါတယ်ရှင့်

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်