အာလူး အချိုချက်

အာလူးတွေ အခွံနွှာ ထက်ခြမ်းခြမ်း ဆားရေထဲ ခဏထည့်စိမ်ထားတုန်း ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်အောင်ထောင်းပါတယ်... နောက် အိုးထဲကို အာလူး၊ ရေ( အာလူးနူးလောက်အောင် ချင့်ချိန်ထည့်ရပါတယ်)၊ ဆီ ရေခန်းရင် အာလူးတွေကိုဆီပြန်လို ချက်မှာဆိုတော့ အနည်းငယ်ပိုထည့်ရပါတယ်)၊ ပဲငန်ပြာရည် အကြည်အနောက် ၂မျိုးလုံးကို တခါတည်းထည့်ပြီး အဖုံးပိတ်မီးအေးအေးနဲ့ ထားထားလိုက်ရင် ရေခန်းတဲ့အခါ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ပဲငန်ပြာရည်အနံ့တွေနဲ့ မွှေးချိုအိနေတဲ့သက်သတ်လွတ်ဟင်းတခွက်ရပါတယ်၊ဟင်းထဲက ဆီလေးနဲ့ ထမင်းပူပူလေးနဲ့လူးပြီး အာလူးလေးနဲ့စားလိုက်ရင် တော်တော် အဆင်ပြေမယ် ထင်ပါတယ်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပြောင်းဖူးကြော်