ကော်ရည်ခေါက်ဆွဲ

ရာသက်ပန်သက်သက်လွတ်စားသူများ၊ဝါတွင်းကာလစားသူများ၊အဓိဌာန်အတွက်စားသုံးသူများ၊သက်သက်လွတ်စားတဲ့သူများအားလုံးအတွက်
ကော်ရည်ခေါက်ဆွဲလဲ လုပ်စားလို့ရပါတယ်နော်..အရမ်းလွယ်ကူရိုးရှင်းပြီး အရသာလဲရှိလို့တင်ပေးလိုက်တာပါ။
ဟင်းရည်အတွက်ရေတစ်အိုးဆူအောင်တည်ပွက်ပွက်ဆူလာမှရေစိမ်ပြီးပါးပါးလှီးထားတဲ့ မှိုခြောက်၊ပန်းခြောက်၊ ပဲလိပ်၊မှိုတွေကိုထည့် ဆား၊ရွှန်းတိုးတိုးဟင်းခတ်မှုန့်၊သကြား ပဲငံပြာရည်အကြည်ထည့် တရုတ်မဆလာထည့် မီးအရှိန်လျှော့ပြီးမှ ဖျော်ထားတဲ့ကော်ရည်ထည့်မွှေပေးရင်ရပါပြီ..ဂျုံခေါက်ဆွဲပြုတ်၊ရေနွေးဖြောကန်စွန်းရွက်
ကြက်သွန်မြိတ်၊ကြက်သွန်ဖြူကြော်၊ငရုတ်သီးစိမ်းလှော်ထောင်းသံပုရာရည်ညှစ်ကော်ရည်ပူပူလေးလောင်းလိုက်ရင်အရသာရှိတဲ့ သက်သက်လွတ်ကော်ရည်ခေါက်ဆွဲလေးရပါပြီရှင်..



Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်