ရခိုင်ခရမ်းသီး ရှူးရှဲနှပ်
ယမုံ့ချက်နည်းလေးကတော့ ရခိုင်ခရမ်းသီးလေးတွေကို ရေဆေးပြီး လေးစိတ်ခွဲထားပါတယ်. . ကြက်သွန်နီဖြူ ပုဇွန်ခြောက် ငရုတ်သီးစိမ်းတွေကို ရောထောင်းထားတယ်. . (သက်သတ်လွတ်ဆို ပုဇွန်ခြောက်ရှောင်ပြီး ကြက်သွန်နှစ်များများလေးနဲ့ ချက်ပါရှင် )
ပြီးရင် ခရမ်းသီးတွေနဲ့ ထောင်းထားတဲ့ကြက်သွန်တွေ အားလုံးကို အိုးထဲထည့် နနွင်းမှုန့်အနည်းငယ်၊ဟင်းခတ်မှုန့်အနည်းငယ်၊စိမ်းစားငါးပိ ပါလေရုံ(ငါးပိက အနံ့လေးလည်းမွှေး အရသာလေးလည်း လေးအောင် ထည့်တာပါ . . မထည့်လည်းရပါတယ်ရှင် ) ဆီထမင်းစားဇွန်းတစ်ဇွန်းခန့် အားလုံးရောထည့်ပြီး ဖြည်းဖြည်းချင်း နှံ့အောင် လုံးမွှေပေးပါ. .
အဲ့လိုမွှေရင်း ၂မိနစ်လောက်အကြာ ခရမ်းသီးနူးအောင် ရေလေးထည့်ပေးပြီး အဖုံးအုပ်ထားပါတယ်. .
ခရမ်းသီးနူးလောက်တဲ့အချိန် ကိုယ်လိုချင်တဲ့အရသာကို မြည်းရင်းဖြည့်စွက်ပြီး
ရေစပ်စပ်လေးနဲ့ ထားလို့ရသလို ခြောက်ခြောက်လေးလည်း စားလို့သိပ်ကောင်းတဲ့ ခရမ်းသီးရှူးရှဲနှပ်လေး ကျက်သွားပါပြီရှင်
Credit; ယမုံ

Comments
Post a Comment