ပဲ ကြော် (သို့) ပဲကပ် ကြော်

မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ခေါက်ဆွဲသုပ် ၊ ရေနွေးကြမ်း တွေနဲ့ မပါမဖြစ်လောက်အောင်ကို လိုက်ဖက်ပြီး သုံးဆောင်ရတာလည်း အရမ်းအဆင်ပြေတဲ့ ၊ မိမိကိုယ်တိုင် စိတ်တိုင်းကျစီမံနိုင်တဲ့ ပဲကပ်ကြော်လေးပါ။


ပါဝင်ပစ္စည်းများ
၁။ မွှေးကုလားပဲခြမ်း 150g
၂။ ရွှေလိပ်ပြာအကြော်မှုန့် 150g
၃။ အချိုမှုန့် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
၄။ ဆား ဇွန်းတစ်ဝက် (လက်ဖက်ရည်ဇွန်း)
၅။ ဂျင်း အနည်းငယ် (လက်တစ်ဆစ်)
၆။ ကြက်သွန်ဖြူ အနည်းငယ် ( ၄ မွှာ )
၇။ ရေ 400ml
၈။ ဆီ ၅၀ ကျပ်သား
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ မွှေးကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်၍ ၃ နာရီခန့်စိမ်ထားပါ။ ပြီးလျှင် ပဲကိုရေစစ်ပြီး ကြော်ပါ။

၂။ ရွှေလိပ်ပြာအကြော်မှုန့်ထဲသို့ ရေ 400 ml ထည့်၍ သမအောင်မွှေပါ။ ပြီးလျှင် ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် နှင့် ကြော်ထားသောကုလားပဲခြမ်းတို့ကို ထည့်၍မွှေပါ။

၃။ ကုလားပဲခြမ်းမုန့်နှစ်ရည်ကို ဆီထဲသို့ ၀ိုင်းဝိုင်းလေးဖြစ်အောင်လောင်းထည့်ပြီး ကြော်ပါ။
မှတ်ချက်။ ။ အကယ်၍ ပဲခြမ်းပိုပွလိုပါက ပဲခြမ်းကို ရေစိမ်တဲ့အခါ ဆော်ဒါအနည်းငယ် ထည့်ပြီး စိမ်ထားပေးနိုင်ပါတယ်

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်