ပဲပြုတ်ကြော်
အသားတွေ မစားချင်တဲ့အခါ ကြက်သွန် အဖြူ မွှာကြီး ၅မွှာရယ် ကြက်သွန်နီဥကြီး ၃လုံးရယ်ကို ပါးပါးလှီးပြီး ဆီများများထဲမှာ ဆနွင်းလေးနဲ့ နဲရောင်သန်းအောင်ကြော်၊ ဝယ်ထားတဲ့ ပဲပြုတ်ကို ထည့် ဆားလေးအနည်းငယ်ထပ်ထည့် ဆီထဲမှာ အသာအယာမွှေပေး၊ တအားမွှေရင် ပဲပြုတ်တွေကြေပြီး ဟင်းမလှတော့ဘူး၊ ဆီများများထဲမှာ
ပဲလုံးလေးတွေကျက်ပြီး မွှေးလာရင် အဆင်သင့်စားနိုင်ပါပြီ၊ ထမင်းပူပူနဲ့ သံပုရာရည်လေး ညှစ်ပြီး ငရုတ်သီးစိမ်းလေးနဲ့စားရင် ဘာရယ် မဟုတ်ပေမဲ့ အဆင်ပြေ လှတဲ့ သက်သတ်လွတ်ဟင်းပါ
(တီညိုစတိုင်)
ပဲလုံးလေးတွေကျက်ပြီး မွှေးလာရင် အဆင်သင့်စားနိုင်ပါပြီ၊ ထမင်းပူပူနဲ့ သံပုရာရည်လေး ညှစ်ပြီး ငရုတ်သီးစိမ်းလေးနဲ့စားရင် ဘာရယ် မဟုတ်ပေမဲ့ အဆင်ပြေ လှတဲ့ သက်သတ်လွတ်ဟင်းပါ
(တီညိုစတိုင်)
Comments
Post a Comment