ပုန်းရည်ကြီးသုပ်
သက်သက်လွတ်ပုန်းရည်ကြီးသုပ် သုပ်စားပါတယ်၊ မြေပဲဆန်လှော်ပြီးသားကို ညက်အောင်ကြိတ်ထည့်ထားတာမို့ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပါတယ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီးပြီး ရေနဲ့ ၃ ခါဆေး၊ စစ်ထားပါတယ် ဒါမှကြက်သွန်က ပူအစပ်တွေလျော့ပြီး ချို မှာပါ၊ ငရုတ်သီးကိုလဲ ခပ်ထူထူလေး ညှပ်ထားတော့ အစပ်မစားချင်ရင် ဖယ်စားလို့ လွယ်ပါတယ်၊
ပဲဆီမွှေးမွှေးကို ရွှဲရွှဲဆမ်းပြီး သုပ်ထားတဲ့ ပုန်းရည်ကြီး အဆိမ့်သုပ်ရယ် ထမင်းပူပူလေးရယ်ဆိုရင် သက်သတ်လွတ်စားတဲ့အခါ အလွန်အဆင်ပြေတယ်လို့ ထင်ပါတယ်
(တီညိုစတိုင်)
ပဲဆီမွှေးမွှေးကို ရွှဲရွှဲဆမ်းပြီး သုပ်ထားတဲ့ ပုန်းရည်ကြီး အဆိမ့်သုပ်ရယ် ထမင်းပူပူလေးရယ်ဆိုရင် သက်သတ်လွတ်စားတဲ့အခါ အလွန်အဆင်ပြေတယ်လို့ ထင်ပါတယ်
(တီညိုစတိုင်)
Comments
Post a Comment