သီးရွက်စုံကြက်ဥဂျုံခေါက်ဆွဲကြော်

ကြက်ဥဂျုံခေါက်ဆွဲ..............၁စည်း
ကြက်ဥ............................၂လုံး
ကြက်သွန်ဖြူ......................၂တက်
ဂေါ်ဖီ
ပန်းပွင့်
ဥနီ
မုန်ညှင်းဖြူ
ရွှေပဲသီး
ကြွက်နားရွက်မှို
ကြက်သွန်မြိတ်+တရုတ်နံနံ

ကြက်ဥဂျုံခေါက်ဆွဲကိုပြုတ်ပါ။

ရေအေးလောင်းပြီးရေစစ်အအေးခံထားပါ။ အသီးအရွက်တွေကိုမိမိနှစ်သက်သလို အရွယ်ညီလေးတွေ လှီးပြီးရေနွေးဖျောထားပါ။

ကြက်ဥကိုမွှေခေါက်ထားပါ။ကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကို အပူပေးပြီးကြက်ဥတွေကိုထည့်ပြီးမွှေကြော်ပါ။

အသားထည့်မည်ဆိုကအသားတွေထည့်ကြော်ပါ။ အသားနူးလောက်ပြီဆိုမှရေနွေးဖျောထားတဲ့
အသီးအရွက်တွေထည့်ကြော်ပါ။ ပဲငံပြာရည်အကြည်၊အပျစ်၊ခရုဆီ၊သကြား၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။ ရေနွေး(သို့)အသားပြုတ်ရည်လေးအနည်းငယ်ထည့်ပေးပါ။

ရေစပ်စပ်အနေအထားလေးမှာခေါက်ဆွဲတွေထည့်ပြီးမွှေကြော်ပေးပါ။ ၁လက်မခန့်လှီးဖြတ်ထား တဲ့ကြက်သွန်မြိတ်+ တရုတ်နံနံတွေထည့်ပါ။ ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ဖြူ းပေးပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်