နွာနို.ခဲကြော် ခရမ်းချဉ်သီးချက်..

သက်သတ်လွတ်အစားအစာတစ်ခုဖြစ်သလို အညာ အစားအစာ တစ်ခုပါပဲရှင်…အညာမှာတော.နွားန.ိုကိုဆူအောင်တည်ပြီး အညာဖက်မှာပေါက်တဲ. အပင်က အကိုင်းလေးတွေကို ချိုးလိုက်ရင် ထွက်လာတဲ.နို.စေးလေးသုံး၊ လေးစက်ထည်.မွေလိုက်တာနဲ. အရည်နဲ.အဖတ်ကွဲသွားတဲ. အချိန် ပိတ်ပါးလေးနဲ.စစ်ကာ ရေညှစ်ပြီးကျောက်ပြင်နဲ.ဖိထားလိုက်လို. အေးသွားရင်နို.ခဲရပါပြီ…. ဒီအစေးမရနိုင်တဲ.နေရာတွေမှာ ရှောက်ရည် (သို.) သံပုရာရည်ကို သုံးပြီးလုပ်ကြပါတယ်ရှင်..

နွားနိုခဲကြော် ခရမ်းချဉ်သီးချက်အတွက် -နွာနို.ခဲ - ၃၀၀ g ကို 1"လောက်တုန်းပြီးကြော်ကာ ဆီစစ်ထားပါ။.. -ခရမ်းချဉ်သီး - ၃ လုံး ကို ပါးပါးလှီးထားပါ၊ -ကြက်သွန်ဖြူ - ၂ မွာ -ကြက်သွန်နီ - ၂ လုံး
-ဆား၊ နနွင်း၊ ငရုပ်အရောင်တင်၊ အရသာမုန်.၊ ငံပြာရည် - အနဲငယ်စီ -ငရုပ်သီးစိမ်း - ၅ တောင့်
-နံနံပင် - ၃ ပင် -ကြက်သွန်ဖြူ ၊ နီကိုခွာကာ ရေဆေးပြီး ငရုပ်အရောင်တင်ထည်.ကာ ညှက်အောင်ထောင်းပါ၊

ချက်မည်.ဒယ်အိုးထဲသို. ဆီထမင်းစားဇွန်း (၃) ဇွန်းခန်.ထည်.ပြီး ဆီကျက်လျင် ထောင်းထားသော ကြက်သွန်ဖြူ ၊ နီနှင့် နနွင်းကို ထည်.ကာဆီသတ်ပါ၊ ကြက်သွန်နီညိုရောင်သန်းလာလျင် ပါးပါးလှီးထားသောခရမ်းချဉ်သီးနှင့် ဆား၊ အရသာမုန်.၊ငံပြာရည် တို.ကိုထည်.ကာ ခရမ်းချဉ်သီး ကျေလိပ်ပြီး ဆီပြန်သည်အထိ ချက်ကာပါ။ ဆီပြန်လျင် နွာနို.ခဲ ကြော်ကိုထည်.ကာ ၅ မိနစ်ခန်.မွေပြီး
ဆီပြန်အောင်ချက်ပြီး ငရုပ်သီးစိမ်း၊ နံနံပင် အုပ်ကာ သုံးဆောင်လို.ရပါပြီရှင်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်