စားလို့အရမ်းကောင်းတဲ့ အိန္ဒိယစတိုင် ကုလားပဲသုပ်
အိန္ဒိယအစားအစာဖြစ်ပြီး ခံတွင်းတွေ့စေမယ့် ကုလားပဲသုပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကုလားပဲအလုံး၊ ကုလားပဲခမ်း၊ အာလူး၊ ကုလားပဲအစိမ်းမှုန့်၊ ကော်ပြန့်အရွက်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ပူစီနံ၊ ဂေါ်ဖီ၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ချင်း တို့ လိုအပ်ပါတယ်။
ပထမဦးဆုံး ကုလားပဲအလုံးကို တစ်ညကြိုပြီးရေစိမ်ထားပါ။ ပြီးလျှင် စိမ်ထားတဲ့ကုလားပဲအလုံးကို ရေသန့်စင်အောင်ဆေးပြီး နူးပြီးကျက်သည်အထိ ပြုတ်ပေးပါ။
ပြီးနောက် ဘယာကြော်အတွက် ကုလားပဲအစိမ်းကို တစ်နာရီခန့် ရေစိမ်ထားပေးပါ။ ပြီးရင်အာလူးကိုလဲ နူးအိလာအောင် ပြုတ်ထားပေးပါ။ ပြီးလျှင် ဘယာကြော်အတွက် စိမ်ထားတဲ့ ကုလားပဲကိုလည်း ညှက်သည်အထိထောင်းပေးပါ။
ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ထောင်းထားတဲ့ ကုလားပဲထဲကို ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ တို့ကိုထည့်ပြီး စေးပိုင်သွားအောင် သေချာဖျစ်နယ်ပေးပါ။ ပြီးလျှင် ဆယ့်ငါးမိနစ်ခန့်ခဏ နှပ်ထားပေးပါ။
ပြီးနောက် အာလူးအစိမ်း ၃လုံးလောက်ကို အတုံးသေးလေးများလှီးထားပါ။ ကြက်သွန်နီကို အတုံးသေးလေးများ လှီးပေးထားပါ။ ပန်းကန်းလုံးကြီးထဲကို လှီးထားတဲ့ အာလူး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာတို့ကို ထည့်ပြီး အားလုံးကို နှံ့အောင်နယ်ထားပေးပါ။ ကော်ပြန့်အရွက်ကို အနေတော်အရွယ် လှီးပေးထားပါ။ လှီးထားတဲ့ကော်ပြန့်အရွက်ကို စတုဂံပုံခေါက်ပြီး နယ်ထားတဲ့အဆာများကို ထည့်ပြီးအဆင်သင့် ပြုလုပ်ထားပါ။
ပြီးလျှင် မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာရင် အဆာသွပ်ထားတဲ့ စမူဆာကိုထည့်ပြီး ကြော်ပေးပါ။ ရွှေရောင်သမ်းလာရင် ဆယ်လို့ရပါပြီ။ စမူဆာများအားလုံး ကြော်ပြီးပါက ဘယာကြော်အတွက်ထောင်းပြီး အရသာနယ်ထားတဲ့ ကုလားပဲများကို အနေတော်လုပ်ပြီး ဆက်ပြီးကြော်ပေးပါ။ ရွှေရောင်သမ်းလာသည်အထိ ကြော်ပြီး ရွှေရောင်သမ်းလာရင် ဆယ်ထားပါ။
ပြီးနောက် ပဲသုပ်အတွက် ပဲဟင်းရည်ကိုချက်ပါတော့မယ်။ ကုလားပဲအစိမ်းမှုန့်ကို ရေထည့်ပြီး ဖျော်ပေးထားပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ တစ်လုံးကို နုတ်နုတ်စဉ်းထားပါ။
ပြီးလျှင် ချက်မည့်အိုးကို မီးဖိုပေါ်တင်ပြီး ဆီအနည်းငယ်သာထည့်ပြီး ပူအောင်ထားပါ။ ပူလာတော့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကိုထည့်ပြီးမွှေလိုက်ပါ။ ပြီးရင် ငရုတ်သီးအစိမ်းမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အနံ့မွှေးလာအောင် ဆီသပ်ပေးပါ။
အနံ့မွှေးလာရင် ဖျော်ထားတဲ့ ပဲအရည်ကိုထည့်ပြီး မွှေပေးပါ။ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး အနံ့များမွှေးလာသည်အထိချက်ပေးပါ။ ဆယ့်ငါးမိနစ်ခန့် ချက်ပေးထားပါ။ ပဲဟင်းရည်ချက် နေချိန်မှာ ထည့်ပြီးသုပ်စားမဲ့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို သန့်စင်ပြီး လှီး ထားပါ။ ပူစီနံအရွက်ကိုလဲ ခြွေပြီးရေဆေး သန့်စင်ထားပါ။
ပြီးရင်တော့ ထည့်ပြီးသုပ်စားမယ့် ပန်းကန်ထဲကို ပြင်ဆင်ထားတဲ့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။ စမူဆာ နှင့် ဘယာကြော်ကို ညှပ်ထည့်ပါ။ ပြုတ်ထားတဲ့ပဲကိုထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာတို့ကိုထည့်ပြီး ချက်ထားတဲ့ ပဲအရည်ဟင်းကိုလောင်းထည့်လိုက်ပါ။ ပြီးရင် ပူစီနံထည့်ပြီး သံပရာသီးလေးညှစ်လိုက်ပါ။
ပြီးရင်တော့ အရမ်းအရသာရှိတဲ့ အိန္ဒိယစတိုင် ကုလားပဲသုပ်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Comments
Post a Comment