ထမနဲ (သို.) နှမ်းမနဲ

-မနက်ဖြန် တစ်ပို.တွဲလပြည်.နေ. အမှီ ထမနဲထိုးနည်းလေးတင်ပေးလိုက်ပါတယ်..-မြန်မာပြည်မှာတော. စုပေါင်းပြီးထမနဲထိုးပြီး လှူကြ၊ အဖွဲ.လိုက် ထမနဲထိုးပြိုင်ပွဲတွေလုပ်ကြနဲ.ပျော်စရာ ကောင်းပါတယ်.. ကျွန်မကတော. စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က မဉ္ဇူ ူနဲ. ခပေါင်း မောင်နှမဆောင်နှစ်ပေါင်းပြီး မဉ္ဇူဆောင်မှာထမနဲထိုးကြတာကတော. ကျောင်းသားဘဝမှာအမှတ်ရ စရာလေး တစ်ခုပါပဲ…

ထမနဲအတွက် -ကောက်ညှင်းဆန်- ဆန်ချိန်ခွက် ၃ ခွက် ကိုရေဆေးကာ အနဲဆုံးတစ်နာရီ ခန်.ရေစိမ်ကာရေစစ်ထားပါ။ -ဂျင်း - လက်နစ်သစ်ခွဲခန်.ကို အခွံခွာရေဆေးပြီး  ပါးပါးရှည်ရှည်လေးလှီးထားပါ။  ကြက်သွန်ဖြူ - ၃ မွာကိုလဲ အခွာရေဆေးပြီး ပါးပါးရှည်ရှည်လေးလှီး ထားပါ။


-အုန်းသီးစိတ်- 2 စိတ်ကို ပါးပါးလှီးထားကာ ကျွတ်အောင်ကြော်ကာ ဆီစစ်ထားပါ။
-မြေပဲလှော် - ဆန်ချိန်ခွက် တစ်ဝက်ကို အခွံချွတ်သန်.စင်ပြီး ဆီနှင့်ပြန်ကြော်ထားပါ။
-နှမ်းလှော် ဖြူ (သို.) အနက် - ထမင်းစားဇွန်း 4 ဇွန်း  -ဆီ- 200 ML ခန်. -ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် -သကြား- လက်ဖက်ရည်ဇွန်း တစ်ဇွန်း -ရေနွေး - 1 liter ခန်.ကျိုထားပါ။

- ထမနဲထိုးမည်. ဒယ်အိုးထဲသို.ဆီထည်.ပြီး ဆီကျက်လျှင် ပါးပါးလှီးထားတဲ.ဂျင်းနှင့် ကြက်သွန်ဖြူကိုထည်.ကာကြော်ပါ။ နီညိုရောင်သန်းသည်အထိကြော်ပြီး  ရေစစ်ထားသောကောက် ညှင်းဆန် နှင့် ဆား၊ သကြားတို.ကို ထည်.ကာ 10 မိနှစ်ခန်. သမအောင်ဆက်တိုက်မွေပြီးကြော်ကာ
ကောက်ညှင်းမျက်နှာပြင်ညီအောင်ညှိပြီး ရေနွေးကိုကောက်ညှင်းအထက် လက်တစ်သစ်ခွဲ ခန်.ထည်.ပြီး အဖုံးအုပ်ကာ မီးအေးအေးနှင့် 15 မိနှစ်ခန်. ရေခန်းသည်အထိထားပါ။

ထိုနောက် အဖုံးဖွင့်ကာ မွေပြီး လိုအပ်လျှင်ရေနွေးအနဲငယ်စီ ဖြန်းကာ ကောက်ညှင်းနပ်ပြီး အစေ.ပျောက်သည် အထိချက်ပါ။ ကောက်ညှင်းကျက်ပြီးဆိုလျင် ယောင်းမနှစ်ချောင်းနှင့်ကြိတ်ချေပါ။
မီးအေးအေးထားကာ ကောက်ညှင်းကြေပြီး စေးပိုင်သွားသည်အထိ အားစိုက်ပြီးခြေဖို.လိုပါတယ်… ကောက်ညှင်းချေနေစဉ် အတွင်း နန်းလှော်၊ မြေပဲလှော်၊အုန်းသီးကြော်တို.ကို အပေါ်မှ ဖြည်းဖြည်း
ခြင်းစီထည်.သွားပါ။

ထိုနောက် အရသာရှိသော ထမနဲ (သို.) နှမ်းမနဲကို ဆွမ်းတော်တင် ပြီး ရေနွေးကြမ်း၊ ကော်ဖီတို.နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်…

အချို.က သကြား၊ ကြက်သွန်ဖြူမထည်.ကြပါဘူး အချို.ကတော. အရသာမှုန်.ပါထည်.ကြပါတယ်..
နှမ်း၊မြေပဲများများကြိုက်သူများပိုထည်.နိုင်ပါတယ်..

Credit; Myanmar Food &Other

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်