သက်သတ်လွတ်ထမင်းကြော်
ပါဝင်ပစ္စည်းတွေက အာလူး.သေးသေးအတုံးလေးတွေ မုန်လာဥနီ အမျှင်လေးတွေ ကုလားပဲ ခြမ်း.. ပြုတ်ပြီးသား ကြက်သွန်နီ ခပ်ထူထူလှီးထားတာ ထမင်း ခပ်မာမာချက်ထားတာ ထောပတ် (ငါန်းဇွန်ထောပတ်) သကြား၊ ဆား၊ မဆလာအနည်းငယ် အာလူးလေးတွေကျက်အောင် အရင်ကြော်၊ ဆယ်ထား၊ ကြက်သွန်နီနဲ့ မုန်လာဥနီ အမျှင်လေးတွေကိုနွမ်းအောင်ထောပတ်ဆီအနည်းငယ်ထပ်ထည့်ပြီး ဆီသပ်၊ ဆားသကြာ်းလူးထားတဲ့ ထမင်းထည့်ကြော်.. ပြုတ်ထားတဲ့ ကုလားပဲခြမ်းလေးတွေထည့်မွှေပြီး မဆလာလေးဖြူ း ၊မီးပိတ် အဖုံးဖုံးထား.... တော်နေကြာမှ ဖွင့်လိုက်ရင်....ထောပတ်နဲ့ မဆလာနံ့တို့နဲ့ မွှေးနေတဲ့ ချို ဆိမ့် သက်သတ်လွတ် ထမင်းကြော်ရပါပြီ...
မနက်ဖက် ဘလက်ကော်ဖီမွှေးမွှေးလေးနဲ့သိပ်လိုက်တဲ့ သက်သတ်လွတ် Breakfast ပါ
(တီညိုစတိုင်)
မနက်ဖက် ဘလက်ကော်ဖီမွှေးမွှေးလေးနဲ့သိပ်လိုက်တဲ့ သက်သတ်လွတ် Breakfast ပါ
(တီညိုစတိုင်)
Comments
Post a Comment