ပဲဇောင်းလျားသီးသုပ်

ပဲဇောင်းလျားသီးကို ကျွန်မကတော.သုပ်စား ၊ ငပိရည်တို.စရာလုပ်၊ ချဉ်ရည်ပာင်းထဲ  ထည်.စားတာ လောက်ပဲစားဖူးတယ်.  သုပ်တာတောင် ရေနွေးဖျောပြီး သုပ်တာထက် အစိမ်းသုပ်တာ ကိုပိုကြိုက် ပါတယ်..

ပဲဇောင်းလျားသီး သုပ်အတွက်

ပဲဇောင်းလျားသီး နုနု (၁၀) တောင်. ကြက်သွန်နီတစ်လုံး ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူဆီချက်၊ ထမင်းစာဇွန်း ၁ ဇွန်း၊ ပုဇွန်ခြောက်ထောင်း - ထမင်းစာ:ဇွန်း ၁ ဇွန်း၊ မြေပဲ လှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊ သံပုရာသီးတခြမ်း။

ပဲဇောင်းလျားသီး ကိုထိပ်နှစ်ဖက်ဖြတ်ကာ ရေစင်စင်ဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီ ကို အခွံခွာကာ ပါးပါးလှီးပြီးနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။

စားခါနီးမှ ပါးပါးလှီးထားသော ပဲဇောင်းလျားသီးနှင့်ကြက်သွန်နီ သုပ်မည်.ပုဂံထဲသို.ထည.်ကာဆား၊ အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း၊ မြေပဲလှော်ထောင်း၊ နှင့် သံပုရာ သီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်

Credit; Myanmar Food & Other

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်