ပဲပြား(တို့ဖူးဖြူ)

ပါဝင်ပစ္စည်းများ
၁။ ပဲပြား ၂တုံး
၂။ ကြက်သွန်ဖြူ ၃တက်
၃။ ကြက်သွန်နီ ၃ ဥ
၄။ ပဲငပိ (City mart များတွင် သီရိစံအမည်ဖြင့် ဝယ်ယူရရှိနိုင်)
၅။ ဆီအနည်းငယ်
၆။ ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့်၊ အရောင်တင်မှုန့် အနည်းငယ်
၇။ ငရုတ်သီးစိမ်း ၅ တောင့်
၈။ နံနံပင် အနည်းငယ်
၉။ ခရမ်းချဉ်သီး ၂လုံး

ချက်ပြုတ်နည်း

၁။ ပဲပြားကို အဝတ်သန့်သန့်လေးနဲ့ထုပ်ပြီး အပေါ်ကနေ အလေးချိန်ရှိတဲ့ အရာလေးနဲ့ ရေစစ်သွားအောင် ၁၀ မိနစ်ခန့် ဖိထားပါ။ ပြီးရင် အနေတော် အတုံးလေးတွေတုံးပါ။
၂။ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီ ကို ကြိတ်ထားပါ။
၃။ ခရမ်းချဉ်သီးကိုလဲ ကြိတ်ထားပါ။
၄။ ငရုတ်သီးစိမ်းကို အတောင့်လိုက်လေး ဓားရာထက်ခြမ်းပေးပါ

ဆီပူလာပြီဆိုရင် ဆနွင်းကို ဆီသတ်ပါ။ ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီကို ဆီသတ်ပါ။ အရောင်တင်မှုန့် သကြးဇွန်းလေးနဲ့ တစ်ဇွန်း ထည့်လိုက်ပါ။ အနံ့လေးမွှေးလာပြီဆိုရင် ပဲငပိ (ဟင်းချိုသောက်ဇွန်း တစ်ဇွန်းခန့်)ကိုရောပြီး ကြော်ပါ။ ၂ မိနစ်ခန့်ကြော်ပြီးတော့ ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပါ။ ရေအနည်းငယ်ထည့်ပေးပါ။ ခရမ်းချဉ်သီး အနှစ်ကျက်သွားပြီဆိုရင် တုံးထားတဲ့ ပဲပြားလေးတွေထည့်ပြီး အသာအယာမွှေပေးပါ။ ၂ မိနစ်ခန့်ကြာရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်ပြီး ချလို့ရပါပြီ။

Photo credit (internet)

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်