ပဲပင်ပေါက်ချဉ်ဖတ်သုတ်

ကျမမေမေက အသက် (၈၅)နှစ်ဆိုတော့ သွားတွေမကောင်းတော့ လူငယ်တွေလို မစားနိုင်ရှာပါဘူး
ကျမတို့က ပဲပင်ပေါက်ချဉ်ဖတ်နဲ့ ငပိရည်နဲ့ စားကြမယ်ဆိုတော့ သူလဲ စားချင်ရှာပါတယ်မေမေစားလို့ရ အောင် ပဲပင်ပေါက်ချဉ်ဖတ်ကို ရေစင်စင်ဆေး.. အမဲလေးတွေဖယ်ပြီး သေးသေးလေးတွေဖြစ်အောင် လှီးပါတယ်


ဆီချက် မြေပဲဆန်မှုန့် သကြားလေးပါတယ်ဆိုယုံနဲ့ နယ်ပြီး နှမ်းလှော်လေးဖြူ းလိုက်ပါတယ်... အချဉ်အငန် ထပ်မထည့်ပါဘူး...နူးနူးညံ့ညံ့နဲ့ အရသာ ချို ချဉ်ဆိမ့် သက်သတ်လွတ် အသုပ်လေး တခွက်ဖြစ်သွားပါတယ်...စမ်းကြည့်ပါနော်....

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်