ပြောင်းဖူးမီးဖုတ်

ပြောင်းဖူးကို အရင်ကမီးဖုတ်ရင် အခွံတွေမခွာဘဲ အဖူးအတိုင်းမိုက်ခရိုဝေ့ဖ် ထဲထည့်ဖုတ်ရာက မနေ့က တော့ သမီးချယ်ရီမင်းထက်တင်ထားတာလေးတွေ့ပြီးသူလုပ်သလို အကွင်းလေးတွေလှီး သူကတော့ သံလွင်ဆီသုပ်ပြီး ဆား၊ ငရုတ်ကောင်းနဲ့ spice တမျိုး သုပ်တယ်.. တီညိုကတော့ ထောပတ်ဆီသုပ်ပြီး ဆားနဲ့ ငရုပ်ကောင်းလေးလူးပြီး မိုက်ကရိုဝေဖ့်ထဲမှာဖုတ်လိုက်ပါတယ်.. ဟိုဘက်ဒီဘက် ၂ခါလောက် လှန်ပေးပြီးတဲ့နောက် မွှေးနေတဲ့ ပြောင်းဖူးဖုတ်လေး ရပါတယ်…

Oven သုံးဖို့အဆင်မပြေသာတွေလဲ လုပ်စားနိုင်တဲ့ နည်းကတော့.. ပြောင်းဖူးကို အနေတော်အကွင်း တွေလှီး ဆားအနည်းငယ်နဲ့ ရေခမ်းပြုတ်ပါ၊ ရေကိုတော့ ချိန်ထည့်ပါ.. ရေနည်းနည်းနဲ့ အရင်ပြုတ်ပြီး ပြောင်းဖူးနူးသည်အထိ ရေနွေးထပ်ထပ်ပြီးရေခန်းပြုတ်ပါ၊ ပြောင်းဖူးတွေကျက်ပြီဆိုရင်. ဆား၊ ငရုတ် ကောင်း၊ထောပတ်တို့သုပ်ပြီး စားလို့ရပါတယ်…..

(တီညိဳစတိုင္)

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်