အာလူးဆီပြန်ဟင်း

ကျမက ရုံးမသွားခင်ချက်ပြုတ်ပေးခဲ့တာဆိုတော့ အချိန်ကုန်သက်သာအောင် အာလူးတွေကို ညထဲက မကျက်တကျက်ပြုတ်ထားပါတယ်. ရေဆူလာတာနဲ့ အိုးအဖုံးကိုဖွင့်ထားပါမယ်... အာလူးထဲက အဆိပ်အထောက်ဓါတ်တွေထွက်သွားအောင်ပါ... နောက်နေ့မနက်မှာအာလူးတွေကိုအခွံနွှာ ၂ခြမ်းခြမ်းပြီး... ဆားအနည်းငယ်နဲ့ လူးထားပါတယ်

ကြိတ်ထားတဲ့ ငရုတ်ပွ.ကြက်သွန်နီ/ဖြူ/ဂျင်းတို့ကို ဆီသပ်ပါတယ်. ထောပတ်ဆီကို ဆီအစားသုံးပါတယ်.. သကြားအနည်းငယ်နဲ့ ရှာလကာရည်လဲထည့်ပါတယ်.. နောက် အာလူးခြမ်းတွေထည့်ပါတယ်... ရေအနည်းငယ် အာလူးနူးရုံထည့်ပါတယ်... အဖုံးအုပ်ထားပါတယ်.. ရေခမ်းစပြုတဲ့အခါ

မီးပိတ်ပြီး သူ့ အပူရှိန်နဲ့သူနှပ်ထားရင် ဟင်းအရသာ ချိုချိုချဉ်ချဉ်နဲ့ထောပတ်နံ့ သင်းတဲ့ အာလူးဆီပြန်သက်သတ်လွတ်ဟင်းတခွက်ရပါပြီ... အလှဆင်တဲ့ အနေနဲ့ ပင်စိမ်းရွက်လေးတွေတင်ပေးလိုက်ပါတယ်....

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်