မှိုခြောက်ကြော်

သက်သက်လွတ်သမားများအတွက် မှိုခြောက်ကြော်စပ်စပ်လေးပါ လမ်းမ့တော်သက်သက်လွတ်
ဆိတ်သားတု'လို့နံမယ်တပ်ထားတဲ့ မှိုတွေကိုကြော်ထားတာပါ ဆီပူပူမှာ ဆား၊ဟင်းခတ်မှုန့်အနည်း ငယ်နယ် ထားတဲ့   မှိုတွေကိုကြွတ်နေ့အောင်ကြော်ပြီး ဇကာထဲထည့်၊ဆီစစ်ထားတယ် ကျန်ဆီနဲ့
ညက်ညက်ထောင်း ကြက်သွန်ဖြူ၊နီ၊ချင်း၊စပါးလင်တွေကို ဆနွင်းအနည်းငယ်နဲ့ကြော် ငရုတ်အကြမ်း မှုန့်ထည့်ကြော်တယ်


ပြီးရင်အ့အေးခံထားတယ် အေးသွားမှမှိုကြော်နဲ့ရော အ့ရသာလိုအပ်မှဆား၊ဟင်းခတ်မှုန့်ဖြည့်စွက်တယ်
ဟင်းရည်မျိူးစုံနဲ့တွဲဖက်စားနိုင်တဲ့ သက်သက်လွတ်သမားများအတွက် အရသာရှိတဲ့ အ့ခြောက်ကြော် လေးပါ ကြာရှည်လဲအထားခံလို့ တစ်ခါလောက်တော့အလုပ်ရှုပ်ခံလိုက်တယ်လေ နှစ်သက်ရင် ကြက်သွန်နီကြော် မဆလာထည့်နိုင်ပါတယ်ရှင်

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်