မြန်မာ့ အစားအစာ .....မုန့်ပျားသလက်
(ကိုယ်တို့ မုံရွာ ဆီမှာတော့ မုန့်ပစ်သလက်)
ဆန်မှုံလေးကို ရေနှင့် မပစ်မကျှဲလေးဖျော်ပါ....ဆား....အချိုမှုံ့နည်းနည်း ထဲ့ပါ။ ဆီရိုက်ဒုတ်လေးလဲအဆင်သင့် လုပ်ထားပါ။ စားတော်ပဲ နတ်တော်ပဲ.....နံနံပင်လေးတွေလဲ အဆင်သင့်ပြုလုပ်ထားပါ။
ဒီမှာတော့ မုန့်ပစ်သလက်အိုး မရှိတဲ့အတွက် ကိုယ်ကတော့ fried pan အသေးဆုံးလေးကို အသုံးပြုပါတယ်..... အိုးလေးကို မီးပျော့ပျော့မှာတင်ပါ... ဖျော်ထားတဲ့မုန်ရည်ကို ဇွန်းနဲ့လောင်းထဲ့ပါ..... အပေါ်ကနေ ပဲရယ်... နံနံပင်ရယ်ထည့်ပါမယ်။ အဖုံးလေးအုပ်ထားပါ.။ခဏနေဖွင့်ကြည့်ပါ..... အပေါ်မျက်နှာပြင်လေးတင်းနေပြီဆိုရင် အဆင့်သင့်ပြုလုပ်ထားတဲ့ ဆီရိုက်တံလေးနဲ့ ဆီကိုမုန့်ပေါ်မှာရိုက်ပေးရပါမယ်။ ယောင်းမအပြားလေးနဲ့ မုန့်ကို ကော်ကြည့်ပါ။
ရပြီဆိုရင် မုန့်မျက်နှာပြင်ကို ဆီလေးနဲ့ထပ်ရိုက်ပါ။ ဆီနံ့မွှေးမွှေးလေး နှင့် မုန့်ပစ်သလက် ပူပူနွေးနွေး
လေးရပါပြီ.......အခုမြင်ရတဲ့ပုံလေးက စားတော်ပဲနှင့်ပြုလုပ်ထားတာပါ။

Comments
Post a Comment