ကောက်ညှင်းပေါင်းနှင့်ကြက်သွန်ကြော်

ဒီနေ.တော. မနက်စာကို ကောက်ညှင်းပေါင်းနဲ. ကြက်သွန်ကြော်ကြော်စားဖြစ်တယ်..
မနက်စာကို ပေါင်မုန်.အမြဲမစားနိုင်သူအတွက် ကျွန်မရုံးမသွားမှီ မြန်မာအစားအစာလေးတွေ
တတ်နိုင်သမျှ အချိန်လုပြီး ချက်ဖြစ်ပါတယ်.. ကောက်ညှင်းကိုလဲ Rice Cooker နဲ.အလွယ်တကူချက်စားပါတယ်…

ကောက်ညှင်းပေါင်းအတွက် ကောက်ညှင်းဆန် - ဆန်ချိန်ခွက် ၂ ခွက် ကို ရေဆေးပြီရေ (1) နာရီလောက်စိမ်ထားပါ.. နှမ်းဆီ (သို.) မြေပဲဆီ - ထမင်းစားဇွန်းသုံးဇွန်း နှမ်းလှော် - ထမင်းစားဇွန်း - ၂ဇွန်း ကို ဆားအနဲငယ်ထည်.ပြီးထောင်းထားပါ။

စားတော်ပဲပြုတ် - ၁၀၀ g ငါးခြောက် (သို.) ဆိတ်သားခြောက် -Rice Cooker ထဲကို ရေဆေးပြီးတထား တဲ.ကာက်ညင်းဆန် ကိုထည့်ပါ။ ကောက်ညှင်းရေစိမ်ထားပါက ရေကို ဆန်ချိန်ခွက် ၂ ခွက်ထည်.ပြီး ရေမစိမ်ပါက ၃ခွက်ထည်.ပြီး း ထားကာ တစ်နာရီလောက်ကြာလျှင် ကောက်ညှင်.စေ.ပျောက်ကာ ကောက်ညှင်းရပါပြီ..

ကြက်သွန်ကြော်အတွက် -ကြက်သွန် 3လုံး ကိုရေဆေးကာ ပါးပါးလှီးထားပါ အကြော်မှုန်. - ထမင်းစားဇွန်း (7) ဇွန်း - ကြက်သွန်ဖြူ - ၃ မွာ ၊ ဂျင်း - ၁” ကို အခွံခွာရေဆေးပြီးထောင်းထားပါ။
- ဆီ ( ၁၀) ကျပ်သား

- ပုဂံတစ်ခုထဲသို.အကြော်မှုန်.နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းကို ထည်.ပြီးရေအနဲငယ်စီထည်.ကာ ခပ်ပျစ်ပျစ်ဖြစ်အောင် မွေပြီး ပါးပါးလှီးထားသော ကြက်သွန်ကိုထည်.ပြီး သမအောင်မွေပါ။-ကြော်မဲ.ဒယ်အိုးထဲဆီထည်.ပြီး ဆီပွက်ပွက်ဆူပြီဆိုလျှင်
အကြော်မှုန်.နှင့်နယ်ထားသောကြက်သွန်ကိုယူပြီး ဇွန်းထဲတွင်အကျက်ညီစေရန်ခပ်ပါးပါးဖြန်.ထည်.ပြီး ဒယ်အိုးထဲသို. တစ်ခုချင်းထည်.ကြော်ပါ။ မီးကိုအရမ်းမပြင်းပါစေနှင့် ။ ကြက်သွန်ကြော်နီညိုရောင်လျှင် ဆယ်ယူပြီး ဇကာတစ် ခုနှင့် ဆီစစ်ထားပါ။ ကြက်သွန်ကြာ်သည် အကျက်မြန်ပြီး အတူးလဲမြန်ပါသည်။

ပြင်ဆင်နည်း

ကောက်ညှင်းကိုပုဂံထဲထည်.ကာ နှမ်းလှော်ဖြူး၊ပဲဆီအနဲငယ်ဆမ်း၊စားတော် ပဲပြုတ် ထည်.
ပြီး ကြက်သွန်ကြာ်၊ငါးခြောက် (သို.) ဆိတ်သားခြောက်တို.နှင့်တွဲကာစားသုံးနိုင်ပါပြီ… လက်ဖက်ရည်ကြမ်းလေးနဲ.လဲလိုက်ပါတယ်..

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်