ချဉ်ရည်ဟင်းမျိူးစုံနဲ့ သိပ်လိုက်ဖက်တဲ့ငရုတ်သီးဆားထောင်း

ချဉ်ရည်ဟင်းနဲ့ထမင်းစားရင်ငရုတ်သီးထောက်းက မုန်လာဥအတွက် မပါမဖြစ်ပါ ထောင်းရတာလွယ်ပါတယ်

ပါဝင်ပစ္စည်းများ
•••••••••••••
ကြက်သွန်ဖြူ - ၃မွှာ
ဆား.ဟင်းခတ်မှုန့် -ဇွန်းထိပ်ဖျား
ငရုတ်သီးအကျက်မှုန့်-ထမင်းစားဇွန်း၂ဇွန်း
ပဲဆီ-လက်ဖက်ရည်ဇွန်း၁ဇွန်း

ပြုလုပ်ပုံနှင့်ပြင်ဆင်ပုံ

ကြက်သွန်ဖြူ၃မွှာကိုအခွံနွှာထားပါ
ငရုတ်ဆုံထဲမှာညက်အောင်အရင်ထောင်းပါ
ဆား.ဟင်းခတ်မှုန့်ထည့်ထောင်းပါ
ငရုတ်သီးအကျက်မှုန့်ထည့်ထောင်းပါ
သမသွားရင် ပန်းကန်တစ်ခုထဲကိုထည့်ပြီးအပေါ်မှ ပဲဆီမွှေး
ဆမ်းပါ
**ချဉ်ရည်ဟင်း၊ချဉ်ပေါင်ဟင်းတို့နဲ့သုံးဆောင်ရင်အတော်လိုက်ပါတယ်**
ချစ်တဲ့
မုန်လာဥ(အိမ့်ကြည်ဖြူမွှေး)

Credit; Carrot Food Channel

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်