အင်အု ချက်
သတ်သတ်လွပ်...
မုံရွာ မှာ အင်အုတွေပေါ်နေပါပြီ။ ပေါ်ဦးပေါ်ဖျားမှာ ဈေးကြီးပေမဲ့ နုနုလေးတွေဆိုတော့ စားလို့ အရမ်း ကောင်းပါသည်။။ ဆိမ့်နေပါသည်။အင်အု က အညာဒေသမှာပေါတော့ အညာသူ အညာသားတွေ အရမ်းကြိုက်ကြပါသည်။ကိုယ်တို့ တအိမ်သားလုံး အရမ်းကြိုက်ကြပါသည်.. အင်အု မတုံးမချင်း စားကြပါ သည်။
အင်အုကို မလှီးခင်မှာ ရေသေချာဆေးရပါတယ်၊။အင်ဖက်တွေထဲမှာ တွေ့ရတဲ့အတွက် မြေကြီးတွေပါ တတ်လို့ပါ၊ဆေးပြီးပါးပါးလှီးထားပါ၊ .......ခရမ်းချဉ်သီး ကြက်သွန်နီတို့ကို ဆီသတ်ပါတယ် အမှန်တော့ ငါးပိလေးနဲနဲထည့်ပြီးဆီသတ်ရင် ပိုမွှေးပြီးစားကောင်းပါတယ်၊သတ်သတ်လွတ်ဆိုတော့ငါးပိမထဲ့ပါ အ ရောင် တင်မှုုုန့်.အရသာမှုန့်တို့ထဲ့ အင်အုပါထည့်လုံးပြီးဆီသတ်ပါ၊နပ်အိနေသည်ထိ ရေနည်းနည်း ချင်းလိုက်သွားပါ။ နယ်စားဖို့အတွက် အရည်စပ်စပ်လေးချပါမယ်။။ အိမ်မှာတော့ အများအားဖြင့် ဝက်သားနဲ့ ချက်လေ့ရှိပါတယ် ပိုချိုတာပေါ့လေ။

Comments
Post a Comment