တောင်ရိုးမျှစ်ကြော်.

ကိုယ်တို့ အညာမှာ ဖိုးဝန်းတောင်မျှစ်.....တောင်ရိုးမျှစ်တို့ရှိပါတယ်..သူတို့က ဆေးမကူရဘဲသူတို့ရဲ့
သဘာ၀ အရောင်လေးကိုက နီရောင်လေးပါ။


သူတို့အရသာကမချဉ်ဘူး...မွှေးပြီး..ဆိမ့်တဲ့အရသာရှိပါတယ်....အိမ်မှာတော့ ဒီမျှစ်တွေရဲ့ ပင်ကိုယ်အ၇သာလေးအတိုင်းစားချင်လို့ ဘာနဲ့မှ မရောဘဲ ကြော်လေ့ရှိပါတယ်။ ကြက်သွန်နီလေးကို တော့မွှေးအောင်ဆီသတ်ပါတယ်။ ကြက်သွန်လေးဝါရောင် သန်းလာရင် ပြုတ်ပြီး စိတ်ထားတဲ့ မျှစ်လေးတွေကို ထဲ့ကြော်ပါတယ်...ဆားနဲ့ အချိုမှုန့်နဲနဲ ထည့်ပါတယ်။ မျှစ်လေးမချောက်တချောက် မှာချပါတယ်...နယ်စားလို့ရအောင်လို့ပါ....

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်