ပြောင်းဖူးမီးဖုတ်အစပ်သုပ်

သူများတွေဟင်းချက်နည်းတင်တာတွေ့လို့ ကိုယ်လည်းတင်လိုက်ဦးမယ် အရမ်းစားလို့ကောင်းတယ်

ပါဝင်ပစ္စည်းများ

ပြောင်းဖူး - တဖူး(မီးဖုတ်ပြီး အစေ့ထုပ်ထားပါ)
ခရမ်းချဉ်သီး - တလုံး(ပါးပါးလှီး)
ကြက်သွန်နီ - တလုံး (ပါးပါးလှီး)
ဆား - သင့်ရုံ
အချိုမှုန့် - သင့်ရုံ
သံပုရာရည် - သင့်ရုံ
ဆီချက် - သင့်ရုံ
ငရုပ်သီးစိမ်း - နှစ်သက်သလိုထည့်ပါ
ပါဝင်ပစ္စည်းတွေကို ရောနှောပြီး သုပ်ပေးရုံပါပဲ။ ဘီယာနဲ့ပဲမြည်းမြည်း ထမင်းနဲ့ပဲစားစား လိုက်ဖက်ပါတယ်။ ပူပူစပ်စပ်လေးအရမ်းစားကောင်းလို့ပြောပြပေးတာပါ

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်