မုန်လာဥနီကြွပ်ကြွပ်ရွရွကြော်

အသားများများစားတာထက်စာရင် ဟင်းသီးဟင်းရွက်လေးလည်းစားပေးမှ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ်ဆိုတာ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။

အိမ်က သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်ကျွေးရတာခက်နေရင် အခုလိုမျိုးလုပ်ကျွေးရင်" မေမေရေ…..သားသားတို့ကို ဒါလေးခဏခဏကြော်ကျွေးပါ" လို့ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လုပ်ရတာလည်းလွယ် ကလေးတွေလည်း ကြိုက်မယ့် မုန်လာဥနီကြွပ်ကြော်လေးကို တင်ဆက်ပေး လိုက်ရပါတယ်နော်။ မုန်လာဥနီက ကျန်းမာရေးအတွက်ကောင်းသလို ကင်ဆာရောဂါကိုကာ ကွယ် ပေးတဲ့ အသီးအနှံ လည်းဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့။

မုန်လာဥနီ ၁ တောင့်
ကြက်ဥ ၁ လုံး
ကော်မှုန့် ထမင်းစားဇွန်း ၁ဇွန်း
ဂျုံမှုန့် ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ဆား အနည်းငယ်
.
ပြုလုပ်နည်း
.
၁။ မုန်လာဥနီတစ်တောင့်ကို အခွံ့ခွာပြီး အမျှင်ကလေးများဖြစ်အောင်ခြစ်ပေးထားပါ။
.
၂။ ကြက်သွန်မြိတ်ကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလှီးပေးထားပါ။
.
၃။ ကော်မှုန့်နှင့် ဂျုံမှုန့်ကို ရောမွှေထားပါ။
.
၄။ ဇလုံတစ်လုံးထဲတွင် မုန်လာဥနီအမျှင်လေးများ၊ ကြက်သွန်မြိတ်၊ ကော်မှုန့်နှင့်ဂျုံမှုန့် ၊ ကြက်ဥတစ်လုံး၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် သမအောင်ရောမွှေပေးထားပါ။
.
၅။ ပြီးနောက် အလုံးပုံစံလေးများလုပ်ကာ ဆီပူပူထဲတွင်ထည့်ကြော်ပေးပါ။ (မီးအရမ်းမပြင်းရပါ။)
.
၆။ ရွှေညိုရောင် အလုံးကလေးများဖြစ်လာပါက ချလို့ရပါပြီ။ ကလေးများပိုကြိုက်ရန် တုတ်ကလေး နဲ့ထိုးပေးလည်းရပါတယ်။ ခရမ်းချဉ်သီးဆော့စ်လေးနဲ့ အရမ်းကို လိုက်ဖက်တာမို့ အားလုံးအကြိုက် တွေ့မှာ အမှန်ပါပဲ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်