ကြက်သွန်ကြော်

ကြက်သွန်ကြော် ပူပူကြွပ်ကြွပ်လေး။

ကြက်သွန်နီများကို ပါးပါးလှီး ရေတထပ်ဆေးပြီး ရေစစ်ထားပါ။ ကိုးရီးယားအကြော်မှုန့် ကို ရေဖြင့် မပျစ်မကျဲလေးဖျော်၍ အနံ့မွှေးအောင် ငရုပ်ကောင်းမှုန့်အနည်းငယ်ရောပါ။ ကြက်သွန်နီများ ပါထဲ့ရောပြီး ပူနေသောဆီတွင် ဇွန်းတဇွန်းစာထဲ့ကြော်ပါ။ ကျက်လျင်ဆီစုပ်စက္ကူတွင်ခင်းပြီး အကြော်များအား ဆီစုပ်ပါစေ။

အချဉ်ရည်စပ်နည်း။ မန်ကျည်းမှည့်အား ရေနွေးလေးဖြင့်ဖျော်ပြီး သကြား ဆား ငံပြာရည် ပဲမှုန့် စင်းထားသောနံနံပင် အသင့်ထောင်းထားသော ငရုပ်သီးစိမ်း ကြက်သွန်ဖြူ တို့ဖြင့်ရောစပ်ပါ။
ဆလပ်ရွက် ပဲသီးတောင့် တို့ဖြင့်ပါ တွဲစားနိုင်ပါသည်။ အား လုံး ရွှင်လန်းကြပါ စေရှင်။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်