မန်ကျည်းသီးစိမ်းမြေပဲချက်

မန်ကျီးသီးတွေကခုဆို အတော်လေးရင့်လာပြီဆိုတော့ ဒီလိုချက်စားရင် ချဉ်လို့ မနည်းအချဉ်ပြေအောင် မြေပဲတွေ သကြားတွေထည့်ချက်ရတော့တယ်။မန်ကျီးသီးစိမ်းတွေကိုညက်ညက်ထောင်းမြေပဲဆံတွေကိုလဲမညက်တညက်ထောင်းတယ်။
ဆီပူလာမှ ထောင်းထားတဲ့ကြက်သွန်ဖြူနီနနွင်းဆီသတ် ငရုတ်အနှစ်ထည့်၊ ထောင်းထားတဲ့မြေပဲထည့်တယ်။
ပြီးမှထောင်းထားတဲ့မန်ကျီးသီးစိမ်းထည့် ရေအနည်းငယ်ထည့် ဆား ဟင်းခတ်မှုန့်ထည့် ပဲငံပြာရည်အကြည် သကြားထည့်တယ်။ ဆီပြန်ခါနီးမှ ထက်ခြမ်းခွဲငရုတ်သီးစိမ်းနဲ့နံနံပင်လေးအုပ်ချရုံပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်