ပြောင်းဖူးအပျော့ကြော်လေး

လိုအပ်တာက
ပြောင်းဖူး ၅ဖူး (လိုသလောက်)
ကြက်သွန်ဖြူနီ အနည်းငယ်
ဂျင်းအနည်းငယ်
ဟင်းခတ်မှုန့် အနည်းငယ်
နနွင်းမှုန့်အနည်းငယ်
ဆားအနည်းငယ်
ကြက်ဥ or ဘဲဥ ၁လုံး
သကြားအနည်းငယ်
ဆီအနည်းငယ် ဖြစ်ပါတယ်
ချက်နည်းက
ပြောင်းဖူးတွေကို စိန်ခလုတ်နဲ့ ခြစ်ပါ သို့မဟုတ် သိပ်မကြေညက်တာကို ကြိုက်ရင် ဓါးဖြင့်လှီးပါ။
ကြက်သွန်ဖြူနဲ့ ဂျင်း ကို ရောထောင်းပြီး ကြက်သွန်နီကို ပါးပါးလှီးကာ ဟင်းခတ်မှုန့်နဲ့ နနွင်းမှုန့် ၊ ဆား သကြား အားလုံးကို ပြောင်းဖူးခြစ်ထားတဲ့အထဲ ရောထဲ့မွှေပေးပါ။
အိုးထဲ ဆီထည့်အပူပေးပြီး ပြောင်းဖူးအရောကို ထည့်ပါပြောင်းဖူးနူးအောင် ရေအနည်းငယ် တစ်ခါတည်း ထည့်ပါမယ်
နှံ့အောင်ရောမွှေပေးပြီး ခဏအဖုံးအုပ်ထားပေးပါ။ရေခမ်းလာရင် ဆီပြန်လာတဲ့အထိခဏခဏမွှေပေးရပါမယ်. .
ရေခမ်း ဆီပြန်လာတဲ့အခါ သက်သတ်လွတ်သမားများအတွက် နူးညံ့ချိုမွှေးတဲ့ ပြောင်းဖူးအပျော့ကြော်လေး ဒီအဆင့်မှာတင် စားလို့ရပါပြီရှင် . . ^_^
သက်သတ်လွတ်မဟုတ်သူများအတွက်
ဆီပြန်လာတဲ့အခါ ကြက်ဥလေးကို ဖောက်ထည့်ပေးပြီး မွှေပေးလိုက်ရင် အာဟာရပြည့်စုံတဲ့ ပြောင်းဖူးပျော့ ကြက်ဥမွှေကြော်လေး ရပါပြီရှင် . .
ပြောင်းဖူးက ဆင်မြီးဆွဲပြောင်းမဟုတ်ဘဲ နိုင်လွန်ပြောင်းဆိုရင် နဂိုချိုပါတယ်နော်
အဲဒါကြောင့် သကြားကို မထည့်ရင်လည်း ရပါတယ် ထည့်မယ်ဆိုရင်လည်း လျော့ထည့်ပေးပါနော် :)
ယမုံချက်တဲ့နည်းတွေက အိမ်မှာ အမေသင်ပေးတဲ့အတိုင်းမို့ သမရိုးကျပဲ ချက်တတ်ပါတယ် ဒါကြောင့် တစ်ချို့အရာတွေမှာ နည်းစနစ်မကျတာတွေလည်း ရှိနိုင်တဲ့အတွက် နားလည်ပေးပါရှင်..
Comments
Post a Comment